သင်အလုပ်တစ်ခုလျှောက်တဲ့အခါ..သို့မဟုတ်….ကျောင်းလျှောက်တဲ့အခါ…သင့်ကိုထောက်ခံနိုင်မဲ့လူဆီက…စာတစ်စောင်တောင်းဖူးမှာပေါ့နော်…အဲဒီအခါမျိုးမှာ..
အဲဒီဆရာသို့မဟုတ် အထက်လူကြီးကို ..ဘယ်လို Request လုပ်ရမလဲ..သင်တွေးဖူးလား...အဲလိုရေးခိုင်းတဲ့အခါမှာ..
မှတ်ထားရမယ့် အချက်တွေကိုကော.. သင်သိထားရဲ့လား… အချက် (၈)
ချက်ရှိတယ်လို့…ခင်မြတ်ဖတ်ဖူးတယ်…အားလုံးသိရအောင်… share လိုက်မယ်နော်….
ဆရာတတ်တာတော့ မဟုတ်ပါ….
8
Recommendation Letters Tips to Remember
၁)
သင်စပြီးတော့ Request လုပ်တော့မယ်ဆိုရင်… ဘယ်လိုလူမျိုးကို ထောက်ခံခိုင်းမလဲ..
သင့်အကြောင်းကို ကောင်းစွာသိတဲ့လူ… deadline မရောက်ခင် အချိန်မီ recommend letter
ကိုပို့ပေးနိုင်တဲ့လူမျိုးဖြစ်ရပါမယ်.. တစ်ချို့လူတွေက
သင့်အတွက်အရေးပါအရာရောက်ပေမဲ့လည်း.. အတော်ဝေးလံတဲ့နေရာရောက်နေလို့ပဲဖြစ်
ဖြစ်…ခရီးသွားနေလို့ပဲဖြစ်ဖြစ် အချိန်မီပေးပို့နိုင်မှာ မဟုတ်သောကြောင့်ဖြစ်တယ်…
ဒါပေမဲ့..အခုတော့ ဒီပြဿနာတွေမရှိနိုင်သလောက်နည်းနေပါပြီ…နေရာတိုင်းမှာ internet
ရှိလို့ email ကနေတစ်ဆင့်ပို့လို့ရနေ ပြီပဲ…
၂)
Recommend ရေးတာဟာ ရိုးရှင်းလွယ်ကူသော်ငြားလည်း သင့်ကိုဘယ်သူက အကောင်းဆုံး
recommend ကိုပေးနိုင် မလဲဆိုတာကို... တစ်ယောက်ယောက်ကိုအကြံပြုခိုင်းပါ...
ဘယ်လောက်ထိခိုင်မာတဲ့...recommendation ရနိုင်မလဲ ဆိုတာကို သင်မသေချာဘူးဆိုရင်..
သင့်ကိုထောက်ခံပေးမဲ့လူကို ရိုးသားပွင့်လင်းစွာနဲ့.. သင့်ကိုထောက်ခံစာ ရေးပေးဖို့အဆင်ပြေရဲ့လား...ကူညီဖို့အဆင်ပြေရဲ့လားမေးပါ။
အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီးတော့ပေါ့။
သင့်မေးခွန်းအပေါ်မှာ...ဂရုတစိုက်ရှိပါစေ... လူအများကတော့သင့်ကို
ရိုးသားတဲ့အကြံပေးမှာပါ..
၃)
ယဉ်ကျေးစွာနဲ့ ဖြစ်နိုင်ခြေရှိတဲ့ လူတစ်ယောက်ကို သင့်ကို အကောင်းဆုံး ထောက်ခံစာရေးနိုင်ဖို့လုံလောက်တဲ့အချိန်တော့
ပေးရပါလိမ့်မယ်... အကောင်းဆုံး စာတစ်စောင်ဖြစ်ဖို့...သူ့ကို ကိုယ်လက်ခံနိုင်တဲ့
အချိန်အတိုင်းအတာကို သူသိပါစေ... (ဥပမာ- ကျွန်မ ဒီထောက်ခံစာကို တစ်ပတ်အတွင်း
အရေးတကြီးလိုချင်ပါတယ်လို့ request လုပ်သင့်ပါတယ်။)
၎)
ထောက်ခံစာတစ်စောင်ရေးဖို့.. တောင်းဆိုတဲ့အခါ.....သင့်ရဲ့လက်ရှိအထောက်အထားတွေက
သင့်ကိုထောက်ခံစာရေးပေးဖို့.. အသုံးဝင်စေတာ သတိရပါ... သင့်ရဲ့ resume မှာ
မပါမဖြစ်ပါသင့်တဲ့အချက်တွေကတော့ သင့်လုပ်ဆောင်ချက်တွေ ပြီးတော့
သင့်ရဲ့အတွေ့အကြုံတွေပဲ.....အဲဒါတွေက သင်လိုချင်တဲ့ အလုပ် (သို့)
သင်စိတ်ဝင်စားတဲ့ဘာသာရပ်ဆိုတဲ့နေရာအတွက် သင့်ကို ရွေးချယ်ဖို့အကောင်းဆုံး
ထောက်ခံချက်တွေပါပဲ..ဒါ့အပြင် အခုလက်ရှိအထောက်အထားတွေ..အထက်တန်းကျောင်းမှာ
သင်ဖူးခဲ့တဲ့ ဘာသာရပ်တွေ သင်တက်ခဲ့ဖူးတဲ့တက္ကသိုလ်တွေကလည်း
အထောက်အပံ့ပေးနိုင်မှာပါ...တစ်ခုတော့သတိရပါ...recommend ပေးမဲ့ သူက
သင့်အကြောင်းကို ကောင်းကောင်းသိသော်လည်းပဲ သူက သင် လိုချင်တဲ့အလုပ် သို့ နေရာအတွက်
သင့်ရဲ့ အရည်အချင်း အားလုံးကိုတော့ ဂရုစိုက်နိုင်မှာမဟုတ်ဘူးဆိုတာပဲ....သင်သူနဲ့
မျက်နှာချင်းဆိုင် တွေ့ဆုံသင့်ရင် တွေ့ဆုံ ရပါမယ်။ ဒါမှ သင့်ရဲ့
အတွေ့အကြုံတွေနဲ့.. ဒီနေရာကို သင်ဘာကြောင့် လိုချင်ရသလဲဆိုတာတွေကို
ပြောနိုင်မှာပေါ့... ဒါ့အပြင် သင့်ရဲ့ရည်မှန်းချက် သင့်ရဲ့ရည်မှန်းချက်ရောက်အောင်
ဘာတွေလေ့လာနေတယ်စတဲ့ လက်ရှိအခြေအနေတွေကိုလည်း သင်ရှင်းပြနိုင်လိမ့်မယ်...
၅)တကယ်တော့
ယေဘုယျအားဖြင့်ပေါ့...ထောက်ခံစာရေးဖို့တောင်းဆိုတဲ့အခါ....သင့်ကိုထောက်ခံပေးမဲ့လူက...
အရေးပါတဲ့နေရာက လူဖြစ်နိုင်တာ အကောင်းဆုံးပါပဲ (ဥပမာ - ကျောင်းမှ ပါမောက္ခ၊
အထက်လူကြီး).... သင်ကျောင်းလျှောက်ဖို့ပဲဖြစ်ဖြစ်...ဒါမှမဟုတ်....
အလုပ်ခွင်ဝင်ဖို့ပဲဖြစ်ဖြစ်... သင့်မှာ အတွေ့အကြုံ အနည်းငယ်နဲ့.. သင့်အကြောင်းကို
သိတဲ့ လူတစ်ချို့ ရှိမယ်ဆိုရင် ကောင်းပါတယ်.... အဲဒီလူတွေကသင့်ကိုကျောင်းကတည်းက
သို့မဟုတ် လူမှုအဖွဲ့အစည်းကနေ ဟိုးအရင်ကတည်းကသိခဲ့တယ်ဆိုရင်တော့
သင့်ရဲ့အကျင့်စရိုက်ကိုထောက်ခံပေးဖို့ အဲဒီလူတွေဆီမှာ အကူအညီ တောင်းတာ
အကောင်းဆုံးပါဘဲ
၆)
သင်ရဲ့ထောက်ခံစာမှာ... ပုံစံတကျရေးဖို့...ဒါမှမဟုတ်...အတိုင်းအတာ
အရွယ်အစား..စာလုံးရေဘယ်လောက်သုံးရမလဲပေါ့...အဲဒီလို
သတ်မှတ်ချက်တွေပါခဲ့ရင်...ထောက်ခံစာရေးဖို့တောင်းဆိုတဲ့အခါ
တစ်ခါတည်း....အဲဒီအချက်တွေကိုပါထည့်သွင်းပြောဆိုပါ..
၇)
အရေးအကြီးဆုံးကတော့ recommender ကို အထူးကျေးဇူးတင်ကြောင်း ပြောဖို့ပါ အဲဒါကတော့လုံးဝမမေ့သင့်တဲ့အရာနော်....သင့်ဆီကို
သူရေးပေးတဲ့ ထောက်ခံစာဟာ သင့်ရဲ့ပန်းတိုင်ရောက်အောင် အထောက်အပံ့ပေးတာမို့လို့
သင့်ရဲ့ ကျေးဇူးတင်ခြင်းကို စာကြောင်းတိုတိုလေးနဲ့ပဲ ဖြစ်ဖြစ်
ပြန်ပို့ပေးဖို့မမေ့ပါနဲ့.....
၈)
နောက်ဆုံးထပ်ပြောချင်တာကတော့...သင့်အတွက် ထောက်ခံစာတစ်ခုကိုတောင်းဆိုတာဟာ
သင်ဘွဲ့ယူခါနီးအချိန်လိုပဲ အရေးကြီးတယ်လို့ပြောချင်ပါတယ်... ထောက်ခံစာတွေဟာ
သင်အလုပ်ထွက်တဲ့အခါပဲဖြစ်ဖြစ် သင့်ရဲ့career ပြောင်းသွားတဲ့အခါပဲ ဖြစ်ဖြစ်
အရေးကြီးတဲ့ အရာတစ်ခုပါ။...ကဲဒါကြောင့် ဘ၀အတွက်မျှော်မှန်းချက်ကြီးသူများအနေဖြင့်...
recommend letter က အမြဲတမ်းကြုံတွေ့နေရမှာပါပဲ.. အဲဒီအခါ...ဘယ်လိုမျိုးလူမျိုးကို
သင်ရေးခိုင်းဖို့အကူအညီတောင်းမလဲ... သင့်ကိုထောက်ခံပေးမဲ့လူ..
ရေးချင်လာအောင်...သင်ဘယ်လို request လုပ်မလဲ... သူသင့်ကိုရေးပေးဖို့
သင့်ဘက်ကဘာတွေပြင်ဆင်ပေးရမလဲဆိုတာကို... အခုသိပြီပေါ့နော်...
No comments:
Post a Comment