Sunday, July 21, 2013

Book Review :: Daddy’s Little Secret (Pregnant at 14 and there’s only one man who can be the father ……)



ဒီစာအုပ်က တကယ့်အဖြစ်မှန်စာအုပ်တစ်အုပ်ပါ။ တော်တော့်ကို ဖတ်လို့ကောင်းပါတယ်။ ကျွန်မလို psychology ကို စိတ်ဝင်စားတဲ့လူတစ်ယောက်အတွက် လူတွေရဲ့ behavior တွေကို ဒီအထဲမှာ လေ့လာလို့ရသွားတယ်။ 

Tina ဆိုတဲ့ ကလေးမလေးဟာ အားကိုးခဏခဏရှာတဲ့ သူ့အမေကြောင့် ပထွေးများစွာနဲ့ နေခဲ့ရတယ်။ သူမ ဟာ အမေရဲ့ ချစ်ခြင်းကို ဘယ်တော့မှ မခံရဘူးတဲ့ အချစ်ငတ်ရှာတဲ့ ကောင်မလေးတစ်ယောက် အဖြစ် ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူပါ။ သူမ အမေဟာ စိတ်ညစ်လာတိုင်း နင့်ကို မမွေးခဲ့ရင် ကောင်းမှာပဲ ဆိုတဲ့ စကားကို ခဏ ခဏ ပြောလေ့ရှိတယ်။ သူမဟာ လူတွေရဲ့ အလေးထား ဆက်ဆံခြင်းကို ဘယ်တုန်းကမှ မခံစားဘူးခဲ့ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမရဲ့ ဘဝကို တစ်ဆစ်ချိုးပြောင်းပေးမဲ့ လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ သူမရဲ့ ပထွေးအသစ်ဖြစ်တဲ့ Charlie ပါ။ သူဟာ သူမကို အရေးတယူ အမြဲ ဦးစားပေး ဆက်ဆံလေ့ရှိတယ်။ သူမ ဘဝမှာ တစ်ခါမှ မရဘူးတဲ့ နွေးထွေးခြင်းတွေ ယုယခြင်းတွေကို Charlie နဲ့တွေ့မှ ခံစားခဲ့ဖူးတာပါ။ သူမ သိပ်ပျော်ခဲ့တယ်။ သူမအတွက်တော့ အဲအချိန်တွေက သိပ်ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေပေါ့။ 

တစ်နေ့တော့ အဲအချိန်တွေကို Charlie ကပဲ အဆုံးသတ်ပစ်လိုက်တယ်။ သူမဟာ Charlie ရဲ့ မတရား အနိုင်ကျင့် (sexually abuse) လုပ်ခံခဲ့ရပါတယ်။ အရွယ်မရောက်သေးခင်မှာပဲ ဘာမှန်းမသိတဲ့ အရာတစ်ခုကို အတင်းအဓမ္မပြုကျင့်ခံခဲ့ရတယ်။ Charlie ဟာ သူမကို ဘယ်သူမှမပြောအောင် ချိန်းခြောက်ထားခဲ့တယ်။ Charlie ဟာ သူမကို လိုအပ်တိုင်း ရောက်လာပြီး အနိုင်ကျင့်လေ့ရှိတယ်။ သူမအတွက်တော့ ဘဝငရဲကို ခံစားနေရသလိုပါဘဲ။ သူမကို ဘယ်မှ ပေးမထွက်တော့ဘဲ အပြင်လောကနဲ့ပါ အဆက်အသွယ်ဖြတ်ခဲ့တယ်။ သူမကို အနိုင်ကျင့်တိုင်းမှာလည်း Charlie ဟာ အခုလိုဖြစ်နေရတာ နင့်ကြောင့်လို့ သူမကို အမြဲပြောလေ့ရှိတယ်။ ထိုစကားတွေကြောင့်  ကြာလာတဲ့အခါ သူမကိုယ်တိုင်က “ငါ့ဆီမှာ အပြစ်တစ်ခုရှိနေလို့သာ ငါ့ကို ချစ်ခင်ကြင်နာခဲ့တဲ့  လူတစ်ယောက်ဟာ ပြောင်းလဲသွားရှာတယ် ….. င့ါကြောင့် လူတွေဟာ ပြောင်းလဲကုန်တယ်။ ငါဟာ ဂြိုဟ်ဆိုးတစ်ကောင်လို  ဘာမှအသုံးမကျသူတစ်ယောက်ပါလား” ဆိုပြီး သူ့ကိုယ်သူ ဂြိုဟ်ဆိုးအဖြစ် မှတ်ယူကာ စိတ်ဒဏ်ရာရခဲ့ရှာတယ်။
သူမအမေကလည်း Charlie ကြောင့် သူမကို လင်လုယူသူအဖြစ် သတ်မှတ်ပြီး ထားခဲ့ခြင်းကို ခံခဲ့ရတယ်။ ဒီလိုနဲ့ သူမဟာ Charlie နဲ့ တိတ်တိတ်ပုန်း ကလေး (၄)ယောက်တိတိ ရသည်အထိ နေခဲ့ရတယ်။ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်ခဲ့တဲ့ သူမဟာ တစ်နေ့တော့ အင်တာနက် သုံးတတ်အောင်ကြိုးစားရင်း  MSN က သူငယ်ချင်းတော်တော်များများရခဲ့တယ်။ တစ်နေ့တော့ သူမကို Charlie အရိပ်ကနေ လွတ်အောင် လုပ်နိုင်တဲ့ နည်းလမ်းကို ပြပေးတဲ့ သူငယ်ချင်းတစ်ယောက်ကို မမျှော်လင့်ဘဲ ရခဲ့တယ်။ သူဟာ သူမရဲ့ ကြောက်စိတ်တွေကို ထွက်ပေါက်ဖြစ်အောင်လုပ်ပေးနိုင်ခဲ့တယ်။ သူ့ကြောင့် သူမဟာ Charlie အရိပ်က လွတ်မြောက်ခဲ့ပြီး Charlie ဟာလဲ သူ့ရဲ့ အပြစ်တွေကို ပေးဆပ်ဖို့ဖြစ်လာခဲ့တယ်။ သူမဘဝမှာ တစ်ခါမှ မမက်ဘူးသော အိမ်မက်ကို မက်ခွင့်ရှိခဲ့တယ်။ သူမ ရဲ့ ကြောက်စိတ်တွေကို သူမတွန်းလှန်ဖို့ တော်တော်ကို ကြိုးစားခဲ့ရတယ်။ Charlie ထောင်ကျပြီးနောက်မှာ သူမဟာ Andy နဲ့တွေ့ခဲ့တယ်။ Andy နဲ့တွေ့မှ သူမဟာ အချစ်ကို ခံစားဖူးခဲ့တယ်။ သူမ ဘဝတစ်လျှောက်လုံး ရှာခဲ့တဲ့ အချစ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူမ ဘဝမှာ ရရှိခဲ့တဲ့ သင်ခန်းစာကတော့ ဘယ်လောက်ပဲ ခက်ခဲနေတဲ့ အခြေအနေဖြစ်ဖြစ်၊ ဘယ်လိုကြောက်စိတ် မျိုးပဲ တားဆီးထားပါစေ အဲဒီအတားအဆီးတွေကို ကျော်ဖြတ်ဖို့အတွက် ငုတ်လျှိုးနေတဲ့ သင့်သတ္တိတွေကို ထုတ်ပြီး ဘဝကို ပြောင်းလဲလိုက်ဖို့ပါဘဲ။ အခုတော့ သူမဟာ ဘယ်တော့မှ မတွေ့နိုင်ဘူး ထင်ခဲ့ရတဲ့ ပျော်ရွှင်ခြင်းဆိုတာကို တွေ့ရှိခဲ့ပြီး ပျော်စရာ မိသားစုလေးနဲ့ အတူ နေထိုင်နိုင်ပါပြီ။

ဒီစာအုပ်လေးဖတ်ပြီး ဘဝမှာ အခက်အခဲတွေကို မဖြတ်သန်းနိုင်တာ ကြောက်စိတ်ဆိုတဲ့ အတားအဆီး ကြောင့်ပဲ ဆိုတာ အသေအချာ သိသွားခဲ့ရတယ်။ သူမလိုလူမျိုးတွေ့ခဲ့ရင် ဘယ်လို Counseling လုပ်ပြီး အားပေးရမလဲဆိုပြီး တွေးနေမိတော့တယ်။

No comments: