Monday, July 22, 2013

“ယနေ့ သင်ကိုယ်တိုင် ထုဆစ်လိုက်တဲ့ သင့်ရဲ့ စိတ်အလှကို သင်ကျေနပ်ရဲ့လား??”



ဒီနေ့ည အိပ်မပျော် တာနဲ့ ဟိုတွေး ဒီတွေး တွေးနေမိတယ်…. နေ့တိုင်းနေ့တိုင်း ငါဟာ ဖြူစင်ရဲ့လားဆိုတာကိုပါ… အမြဲတမ်း မဖြူစင် နိုင်ပေမဲ့ ဖြူစင်တဲ့ စိတ်ထားတော့ အမြဲထားပါတယ်.. ကိုယ့်ကိုယ်ကိုလည်းထင်မိတယ်.. တတ်နိုင်သမျှ စိတ်ကိုဖြူစင်အောင်ထားပေမဲ့လဲ တစ်ခါတစ်လေတွေမှာတော့ တစ်ခြားသူအပေါ် စိတ်ထားမကောင်းတာမျိုး တွေးမိတယ်…တစ်ခြားသူတစ်ယောက်ရဲ့ ခံစားချက်ဘက်က မမြင်ကြည့်မိလို့ အထင်လွဲကာ စိတ်ထားပုတ်မိခဲ့လျှင် ပုတ်မိမှာပါ… လူတွေက တစ်နေ့တစ်နေ့ ကိုယ့်ဘာသာ ကိုယ့်စိတ်ကို ထုဆစ်နေကြတာပါလားလို့.. ငယ်ငယ်တုန်းက စိတ်ထားတွေ ဖြူစင်ကြတယ်.. ကြီးလာတော့ ကောက်ကြောင်းတွေများလာသလို .. အလှည့်အပြောင်းတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်မှုတွေရှိလာတယ်… ကျွန်မတို့က လူသားတွေပဲ မလား။ ဘယ်သူကမှတော့ မပြည့်စုံပါဘူး....... တတ်နိုင်သမျှတော့ အကောင်းဆုံး ဖြစ်အောင် နေကြည့်ဖို့ ဆုံးဖြတ်ထားတယ်..

ကျွန်မ အားနည်းချက်က ဟန်မဆောင်တတ်တာ.. စိတ်က ဘယ်လိုမှ ဟန်ဆောင်လို့ မရဘူး .. တစ်ခုခုကိုစိတ်ပါလက်ပါ လုပ်တတ်တယ်..ဒါကြောင့်လဲ တစ်ခြားသူကြောင့် ထိခိုက်ရင် ဝမ်းနည်းလွယ်တယ်… ဒီစကားလေးကို အမြဲတမ်း သတိရစေဖို့ မနက်တိုင်း ဖတ်မယ်လို့ စဉ်းစားထားတယ်.. ကိုယ့်ကိုယ်ကို သတိပေးသလိုဖြစ်အောင်ပေါ့.. တစ်ခါတစ်လေ သူများတကာကို စိတ်ထဲက မကျေနပ်တာတွေဖြစ်လာတဲ့အခါ စိတ်ထားပုတ်တွေ မမွေးမြူနိုင်အောင်ပါ..

ခင်မြတ်
(၂၅.၉.၀၉)

blogspot တွေပိတ်ထားတုန်း wordpress မှာ ရေးထားခဲ့တဲ့စာလေး ပြန်တင်လိုက်တာပါ။ 

No comments: