Wednesday, June 11, 2008

စာအမြည်း.. (The Lexus & The Olive Tree)


ဒီစာအုပ်က Globalization အကြောင်းကို ပြောထားတဲ့စာအုပ်တစ်အုပ်လေ.. အရင်ကဆို ဒီလိုစာအုပ်တွေမဖတ်ဖြစ်ခဲ့ဘူး..Egress မှာသင်တန်းတက်ပြီးမှပဲ.. အရမ်းကိုစိတ်ဝင်စားခဲ့တာ… Book Review အနေနဲ့ ပြန်ရေးပြီး Assignment တွေအများကြီးတင်ရပြီး ဗဟုသုတတွေရလာတဲ့အတွက်.. egress က ဆရာတွေကို ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ်…ဒီစာအုပ်က.. Globalization အကြောင်းကို.. Lexus Car နှင့် Olive Tree တို့ကိုဥပမာထားပြီး ရေးပြသွားလို့ ဖတ်လို့ကောင်းတယ်..ဆိုလိုတာကတော့. ဖွံ့ဖြိုးပြီးနိုင်ငံတွေကို… Lexus Car ဟုပြောချင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကို.. Olive Tree ဟုနှိုင်းယှဉ်ထားခြင်းပဲ… ဒါပေမဲ့.. မူရင်းစာအုပ်ကပိုဖတ် လို့ကောင်းတယ်လို့ ခင်မြတ်…ထင်မိတယ်.. မြန်မာလိုပြန်တာတွေက နည်းနည်းထောက်ပြီး.. နားလည်ရခက်တယ်..Globalization ဆိုတာကို သူများတွေကဘယ်လိုအဓိပ္ပါယ်ဖွင့် လည်း..မသိဘူး….တစ်ချို့တွေက ကမ္ဘာဆန်ခြင်းလို့ပြောကြတယ်.. ခင်မြတ်စာအုပ်ဖတ်ပြီးနားလည်မိတာက.. Globalization ကဈေးကွက်တို့ကို မဆုတ်မနစ်စည်းလုံးထား၊ နိုင်ငံအစိုးရကို စုစည်းပေးထားခြင်းနှင့် Technology တို့ကို ယခင်ကမကြုံဖူးသော အတိုင်းအတာဖြင့် စုစည်းထားခြင်းလို့ ထင်မိတယ်.. မှားချင်လည်း မှားနိုင်ပါတယ်…ပြောကြည့်တာပေါ့နော်..
ယခုလို Globalization ဖြစ်လာဖို့ အဓိကပံ့ပိုးပေးသော အရာမှာ.. အင်တာနက်ဖြစ်သည်ဟု ထင်မိတယ်..သူကြောင့်ပဲ ယဉ်ကျေးမှုဆိုင်ရာတွင် အမေရိကန်ဆန်ခြင်းဖြစ်လာခဲ့တယ်.. ကောင်းမွန်သော Globalization တွင်ချိန်ခွင်မျှခြေ (၃)ရပ်လိုတယ်လို့.. စာရေးဆရာကပြောထားသေးတယ်..တတိယအချက် ဖြစ်သော လူတစ်ဦးချင်းနှင့် နိုင်ငံအစိုးရတို့ကြား ချိန်ခွင်မျှခြေသည် ပို၍အရေးကြီးတယ်လို့လည်း သူကဆိုတယ်. ကမ္ဘာကြီးအား ကွန်ရက်အဖြစ်ပြောင်းကာ ကြိုးများ တပ်ဆင်ပေးလိုက်မှုက လူတစ်ချင်းစီသည် ဈေးကွက်နှင့် နိုင်ငံတော်အစိုးရအပေါ်ပိုပြီး အာဏာပြုလာနိုင်သည်ဆိုသောကြောင့် ဖြစ်သည်။ အရင်က သိဖို့လိုရုံကနေ မျှဝေဖို့ လိုလားသည်မှာ Globalization ဖြစ်တယ်လို့စာအုပ်ဖတ်ပြီးပြီးခြင်း သိမြင်လိုက်ရတော့.. အမြင်တွေပွင့် သွားတာပေါ့..
Lexus ကားကြီးပဲဆိုလည်းမကောင်း …. သံလွင်ပင်ကိုကြီးပဲ ဖက်တွယ်မယ်ဆိုလည်းမကောင်း.. မျှခြေကိုက်ခြင်းက အကောင်းဆုံးဖြစ်တယ်ဟုဆိုတယ်..မြန်မာစကားပုံလိုပေါ့..’’ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့’’ ဆိုတာလေ.. မှန်ပါတယ်.. Globalization တွင် ကောင်းသောသက်ရောက်မှုနှင့် မကောင်းသော သက်ရောက်မှုတို့ရှိစမြဲပင်။ ထို့ကြောင့်လည်း ခေတ်မီသော Lexus ကားစီးရင်း သံလွင်ပင်ကိုလည်း သင်စိုက်ပျိုးပါ။ မျိုးရိုးကိုတော့ ပယ်သင့်သည်မထင်။ သံလွင်ပင်ကိုပဲ ဖက်တွယ်ပြီး Lexus Car ရဲ့ အရေးပါမှုကိုလည်း မျက်နှာလွှဲခဲပစ်မလုပ်သင့်ဟု.. ထင်မြင်မိတယ်။ တစ်ခြားလူတွေလည်း ဒီလိုပဲလို့ ခင်မြတ်ထင်တာပဲ….
တံတိုင်းများပြိုလေပြီ… Internet ကြောင့် Globalization ဆိုတာကိုသင်ပိုလက်ခံမိမယ်ဟု ထင်တယ်.. ဘာလို့လဲဆိုတော့ ပြစရာသာဓကတွေအများကြီးပါ… တစ်လောကမှ ဖြစ်သွားတဲ့ Nargis မုန်တိုင်းကြောင့် ဖြစ်သွားတဲ့အဖြစ်အပျက်တွေကိုပဲကြည့်လေ.. အရင်ခေတ်ကလို… ဘယ်သတင်းကိုမှ သင်ဖုံးဖိဖို့မကြိုးစားလေနဲ့ ပုပ်လျှင်ကျော်ဆိုတာထက်.. မပုပ်ခင်ကတည်းက ကမ္ဘာကျော်သွားတဲ့.. အဖြစ်အပျက်တွေကိုတော့ မပြောချင်တော့ပါဘူး… အားလုံးသိထားတဲ့ Crisis လိုပေါ့.. ဒါကြောင့် ခင်မြတ်အနေနဲ့.. မပြိုတပြိုဖြစ်နေတဲ့.. ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တံတိုင်းများအား ဖြိုကြပါစို့လို့ပဲပြောချင်တော့တယ်။ Globalization ရဲ့ ကောင်းမွန်ခြင်းတွေ ကို ရအောင် စွမ်းဆောင်သင့်တယ်… ကိုယ့်အမြင်ပါ… မတူရင် ခွင့်လွှတ်ကြပါနော်..
ကဲရေးတာတော့ တော်တော်များနေပြီ… နောက်ဆုံးအနေနဲ့ပြောချင်တာက ကမ္ဘာကြီးက အရင်လို ကမ္ဘာကြီးမဟုတ်တော့ဘူးနော်.. ငယ်သူစားသော ကမ္ဘာကြီးမှ မြန်သူက နှေးသူစားသော ကမ္ဘာကြီးကို ရောက်နေပြီလေ.. သင်သတိထားမိရဲ့လား… နိုင်သူအကုန်သိမ်းကျုံးယူနေပြီပေါ့.. လက်နှေးရင်.. ဘယ်အရာ ကိုမဆို လက်လွှတ်သွားရလိမ့်မယ်ဆိုတာကို ပြောချင်တာပါ.. ဒါကြောင့် Information များကိုကောင်းစွာအသုံးချပြီး.. အဟုန်ဖြင့်ပြောင်းလဲနေသော ကမ္ဘာကြီးနောက် အမှီလိုက်ကြပါစို့… အဲ နေဦး.. Lexus Car နဲ့ သံလွင်ပင်ကိုလည်း မျှခြေကိုက်မှသာ အကောင်းဆုံး Global Country ဖြစ်လာမှာနော်.. ဒါကြောင့် အကောင်းဆုံး Global Country ဖြစ်လာဖို့လည်း… သင်တို့မှာတာဝန်ရှိနေပြီ..

No comments: