ငါလိုလူ
ကြယ်တွေကိုကြည့်ရင်း
ဘာကိုလွမ်းမှန်းမသိလွမ်း
တစ်ခါတစ်လေတည်း
သီချင်းတစ်ပုဒ်ကို
အခေါက်ခေါက်အခါခါနားထောင်
လွမ်းဆွေးခြင်းကိုမှ ဖက်တွယ်ချင်သူ
လူတွေပြောတဲ့
ရူးကြောင်ကြောင်နိုင်တဲ့လူစားငါ
ဒဏ်ရာတွေကို ထုံဆေးပေး
ညည်းတွားသံခပ်တိုးတိုးနဲ့
မှတ်တိုင်မှာ ကားစောင့်သလို
မင်း (အချစ်စစ်)
ဆိုက်ရောက်လာမလား..
မျှော်နေမိတာ
ဆုံမှတ်မရှိတာလား
ဆုံမှတ်မတွေ့တာလား
တည့်တည့်လာတဲ့ မြားနှစ်စင်းတောင်
လွဲချော်နိုင်တာပဲ..
သေချာတာကတော့..
မင်းရော ငါရော သက်ဆိုင်တဲ့
ဆုံမှတ်ဆိုပေမဲ့..
တစ်ယောက်တစ်နေရာစီ
ဆွဲထားမိတာကို. ချစ်သူ
(ညနေကြယ်)
No comments:
Post a Comment