Tuesday, June 10, 2008

အချစ်

အချစ်

တားမြစ်ထားတဲ့ သစ်သီးပါ
စားကြည့်တော့
(ငါ)
ခါးတယ်

မကျွမ်းကျင်ဆုံးက စားနည်းပါ
အမြဲတမ်း
(ငါ)
ရှုံးတယ်
အချစ်
အချစ်

အချစ်နဲ့
အဲဒီလို အော်ဟစ်နေရင်းနဲ့ပဲ
ငါရဲ့နှလုံးသား
ဘုန်းဘုန်းလဲကျ သွားခဲ့ရပေါ့
အခုတစ်ခါတော့
ဘယ်သူထူထူ
ပြန်ကိုမထတော့ဘူး
နောက်တစ်ခေါက်ထပ်လမ်းကျရမှာ
ကြောက်လွန်းလို့ပါ
ငါ....
နာ.... တယ်....

No comments: