Wednesday, June 11, 2008

ဂျစ်ပစီ

ငါက
တိမ်တွေလိုပေါ့ပါးစွာနဲ့
နေထိုင်ချင်ပြီး
လွတ်လပ်မှုကို စားသုံးလိုသူ...
အပူအပင်ဆိုတာကို
အိမ်မက်ထဲမှာတောင်
ထည့်မမက်ချင်သူ....
အိမ်မက်တွေကို
ခဏခဏအချိုးချ
အပြုံးမပျက်ချင်တဲ့သူ...
ရည်မှန်းချက်မရှိတဲ့လူလို့
ဆိုကောင်းဆိုနိုင်ပါတယ်..
တကယ်တော့
မနက်ဖြန်ဆိုတဲ့ကောင်ကို
ငါကမှ
မယုံကြည်တာပဲ..
(ညနေကြယ်)

No comments: