
ချစ်ရသောမောင်လေးအတွက် ၀မ်းနည်းခြင်း….
သောကြာနေ့ရဲ့ညနေခင်း… ဒုံဒုံကပြောလိုက်တယ်…..ငါဘယ်လိုမှချုပ်တည်းလို့မရအောင် မျက်ရည်တွေကျခဲ့တယ်.. ဘာအလုပ်မှဆက်လုပ်လို့မရဘူး.. မနေ့က ဒီလိုအချိန်မှာ.. အမကျွန်တော် အရမ်းနေလို့ကောင်းသွားပြီတဲ့..ကျွန်တော်တို့ မနက်ဖြန်တွေ့ကြရအောင်လေတဲ့… ငါတို့ရဲ့ပျော်ရွှင်ရမဲ့အချိန်က.. ဘာလို့နင့်ရဲ့ဈာပန ဖြစ်နေရတာလဲ…အရမ်းလိမ်မာတဲ့မောင်လေးတစ်ယောက်.. တစ်အားဆရာဝန်ဖြစ်ချင်လှသော မောင်လေးတစ်ယောက်.. မင်းအစား ငါသာဖြစ်လိုက်ချင်တယ်.ရဲမြတ်ရယ်..
ငါ့စိတ်တွေကယောင်ချောက်ချား.. online မှာနင်များရှိမလားလို့.. အရင်လိုစာတွေရိုက်နေမိတယ်.. မင်းပြောတာ တွေ ငါကြားနေတုန်း.. ပြန်လာရင် ချောင်းသာနဲ့ငွေဆောင်သွားဖို့ အမရယ် ကျွန်တော်က ငွေဆောင်သွားနေကြမို့.. ချောင်းသာသွားချင်သတဲ့လေ… အခုတော့.. ရဲမြတ်ရဲ့စကားသံတွေ မကြားရတော့ပါလား.. စာသင်ချိန်မှာစကားများလို့ ဦးဇင်မင်းကဆူတာပြန်ခံချင်သေးတယ်.. မင်းရှိမယ်ဆိုရင်ပေါ့.. ထမင်းအတူတူစားရင်း…မင်းကောင်မလေးဆီသွားဖို့ အတန်းလစ်တိုင်း မင်းထမင်းချိုင့်ကို အမသိမ်းထားပေးတာ..သတိရနေတုန်း.. မောင်လေးရေ… မင်းကောင်းရာသုဂတိလားပါစေ.. မင်းအတွက်… ကျခဲ့တဲ့မျက်ရည်တွေကြောင့် မင်းကိုမပူလောင်စေချင်ဘူး..မင်းရဲ့မွေးနေ့ FEBRUARY 13 ရောက်တိုင်း မင်းကို နိုင်သွားတဲ့ သွေးကင်ဆာဆိုတဲ့ ဝေဒနာကြီးနောက်ဘ၀ထိမပါရအောင်.. သွေးလျှူပေးမယ်လို့ အမကတိပြုပါတယ်ကွယ်… သံသရာမှာ ပြန်ဆုံနိုင်ခဲ့ရင်… အမရဲ့မောင်လေးအဖြစ်.. လိုချင်မိတယ်…ရဲမြတ်ရေ.. လွမ်းတယ်..မင်းနဲ့ပတ်သက်သမျှအားလုံးကို..