Monday, October 21, 2013

သင့်ကျောက်ကပ်ကို အကုန်အကျနည်းစွာ သန့်စင်ရအောင်




ကျွန်ုပ်တို့ရဲ့ ကျောက်ကပ်ဟာ ဆားတွေ၊ အဆိပ် အတောက်များနှင့် အခြားမလိုအပ်သော အရာများ ခန္ဓာကိုယ်ထဲ မဝင်ရောက်အောင် ဖယ်ထုတ်ပေးခြင်းဖြင့်သွေးများကို စစ်ထုတ်ပေးပါတယ်။ အချိန်ကြာလာတာ နှင့်အမျှ ဆားတွေဟာ စုပုံလာပြီး သူတို့ကို သန့်စင်ဖို့ လိုအပ်လာတာမို့ ဒါတွေကို ကျွန်ုပ်တို့ ဘယ်လို ကျော်လွှားကြမလဲ ? ဒါက သိပ်လွယ်ပါတယ်။ ပထမဆုံး နံနံပင် တစ်ဆုတ် စာလောက်ကို သန့်စင်အောင် ရေဆေးလိုက်ပါ။
ထို့နောက် သေးသေးလေးတွေဖြစ်အောင် ဖြတ်လိုက်ပြီး ရေသန့်သန့်ထည့်ထားတဲ့ အိုးထဲထည့်၍ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ၁၀ မိနစ် ပြည့်လျှင် ထို ပြုတ်ထားသည့် အရည်အား ခဏတာ အအေးခံပြီး အရည် သီးသန့် စစ်ယူ၍ ပုလင်းသန်သန့်ထဲ လောင်းထည့်ပါ။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်၍ အေးပါစေ။

ထိုနံနံပင်ပြုတ်ရည်အား နေ့စဉ် တစ်နေ့တစ်ခွက် သောက်ခြင်းဖြင့် သင်၏ကျောက်ကပ်ထဲမှ ဆားများနှင့် အခြား အဆိပ်အတောက်များ ဟာ ဆီးသွားတဲ့အခါပါသွားတာကို တွေ့ရသည့်အပြင် သင်တစ်ခါမှ မခံစားရဘူးတဲ့ ပေါ့ပါးမှုကိုပါ ခံစားရပါလိမ့်မယ်။ 

နံနံပင်ဟာ ကျောက်ကပ်ကို ပြုပြင်တဲ့နေရာမှာ နာမည်ကြီးပြီး ဒါဟာ သဘာဝနည်းလမ်း တစ်ခုဖြစ်ပါတယ်။ 

credit to : General knowledge page (facebook) 

No comments: