ကိုယ်ခန္ဓာက အခြားသော အစိတ်အပိုင်းများလိုပဲ
သင့်ဆံနွယ်လေးတွေ ကြံ့ခိုင်တောက်ပြောင်နေဖို့က သင့်တင့်မျှတတဲ့ အစားအသောက်ပေါ်မှာ မူတည်နေပါတယ်လို့
နယူးယောက်မှ အာဟာရဗေဒပညာရှင် နှင့် Beauty diet
မှ စာရေးသူ ဖြစ်တဲ့ Lisa Drayer က ပြောပါတယ်။
ဆံနွယ်တွေကို ထိန်းသိမ်းရတာဟာ
အသားအရည် ထိန်းသိမ်းသလိုမျိုးလောက် မလွယ်ကူတာမို့ အဆိုး၊အကောင်း သက်ရောက်မှုကိုလဲ ချက်ချင်း
မပြပါဘူး။ သင့်ဆံနွယ်တွေ အာဟာရပြည့်ဝပြီး ကြံ့ခိုင်လာဖို့အတွက် လအနည်းငယ် ကြာသလို သင့်ဆံနွယ်တွေပျက်စီးနေတာကိုလဲ
ချက်ချင်းကြီး မသိနိုင်ပါဘူးလို့ နယူးယောက်မှ အရေပြားအထူးကု Cybele Fishman ကပြောပါတယ်။
ဆေးလိပ်သောက်ခြင်း၊ ဟိုမုန်း မညီမျှခြင်း နှင့် အိပ်ရေးမဝခြင်းတို့က သင့်ဆံနွယ်တွေရဲ့
ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီအရာ အကျင့်တွေ သင့်မှာ ရှိနေပြီဆိုရင်တော့
သင့်ဆံနွယ်တွေ ချက်ချင်း အာဟာရပြည့်ဝဖို့ ဘာနည်းလမ်းမှ မရှိပါဘူး။ ဆံနွယ်တွေ လှပဖို့ဆိုရင်
သင်ထင်ထားတာထက်ပိုပြီး ပြုလုပ်ဖို့လိုအပ်ပါတယ်။ သင်အနေနဲ့ မျှတစွာစားသောက်မယ်၊ ပရိုတိန်းများများပါဝင်တဲ့
အောက်ပါ အစားအသောက် (၁၀)မျိုးကို ဂရုတစိုက် စားမယ်ဆိုရင်တော့ ကျန်းမာလှပတဲ့ ဆံနွယ်လေးတွေပိုင်ဆိုင်ဖို့
ထိုက်တန်သွားပါပြီ။
၁) ဆော်လမွန်ငါး

အခြားနည်းလမ်းများ :
အကယ်၍ သင့်ကို ဆော်လမွန်က သိပ်ပြီး ရင်မခုန်စေဘူးလို့ ယူဆရင်တော့ ဆာဒင်းငါး၊
ထရောက်ငါး၊ မက်ကရယ်ငါးတို့မှာလဲ ဖက်တီးအက်ဆစ်ကို ရနိုင်ပါသေးတယ်။ ထို့အပြင် ထောပတ်သီး၊ ဖရုံစေ့နှင့်
သစ်ကြားသီးတို့မှာလဲ တွေ့နိုင်ပါသေးတယ်။
၂) သစ်ကြားသီး

အခြားနည်းလမ်းများ : သင်
အသုတ်သုတ်စားတဲ့အခါ နေကြာစေ့အဆီတွေ သုံးမည့်အစား သစ်ကြားသီးအဆီကိုသုံးဖို့
ကြိုးစားကြည့်သင့်ပါတယ်။

အခြားနည်းလမ်းများ : ဇင့်ဓာတ်ကို အခွံမာသီး၊ အမဲသားနှင့် ဥများမှလဲ ရယူနိုင်ပါတယ်။
၎) ကန်စွန်းဥ

အခြားနည်းလမ်းများ : မုန်လာဥများ၊
သရက်သီးများ၊ ဖရုံသီးများနှင့် တရုတ်ဇီးသီးများဟာလဲ ဘီတာခရိုတင်းဓာတ်ရရှိ နိုင်သည့်
အကောင်းဆုံးသော အရင်းအမြစ်များပါဘဲ။
၅) ဥများ
ပရိုတိန်းဓာတ်ကိုရရှိစေတဲ့
အကောင်းဆုံး အရင်းအမြစ်ကတော့ ဥတွေပါဘဲ။ ဥများမှာ အဓိက သတ္တုဓာတ် (၄)မျိုးဖြစ်တဲ့ ဇင့်၊
ဆယ်လီနီယမ်၊ ဆာဖာနှင့် သံဓာတ်တို့လဲ ပါပါသေးတယ်။ ထိုအားလုံးထဲတွင် သံဓာတ်သည်
အောက်ဆီဂျင်ကို ဆံပင်၏ အရင်းအမြစ်ထိ သယ်ဆောင်သွားဖို့ ကူညီပေးတာကြောင့် အရေးကြီးဆုံး
ဓာတ်ဖြစ်ပါတယ်။ သံဓာတ်အားနည်း (anemia) ပါက ဆံပင်ကျွတ်ခြင်း (အထူးသဖြင့်အမျိုးသမီးများတွင်
) အဓိကဖြစ်စေပါတယ်။
အခြားနည်းလမ်းများ : ကြက်သား၊ ငါး၊ ဝက်နှင့် အမဲသားများ စားသုံးခြင်းဖြင့် သင်၏ သံဓာတ်ကို တိုးစေနိုင်ပါတယ်။
၆) ဟင်းနုနွယ်ရွက်

အခြားနည်းလမ်းများ : အာဟာရဓာတ်များ ကြွယ်ဝသော အလားတူအရွက်များနှင့် ပန်းပွင့်စိမ်း၊ ကိုက်လန် အစရှိသည့် အရွက်ထူ ဟင်းသီးဟင်းရွက်များ စားသုံးပါ။
၇) ပဲနီလေးများ
ဒီပဲသေးသေးလေးမှာ
ပရိုတင်းဓာတ်၊ သံဓာတ်၊ ဇင့်ဓာတ် နှင့် ဘိုင်အိုတင်တို့ပါဝင်တာကြောင့် သေးပေမဲ့
အထင်သေးလို့ မရပါဘူး။ အသီးအရွက်စားသူများ၊ သတ်သတ်လွတ်သမား နှင့် အသားစားသူများ
အားလုံးအတွက် အခြေခံကျတဲ့အစားအစာ တစ်ခုပါ။
အခြားနည်းလမ်းများ
: အခြားသောပဲများဖြစ်သည့်
ပဲပိစပ်နှင့် ဗိုလ်စားပဲတို့ကိုလဲ ဟင်းချိုချက်သောက်၍သော်
လည်းကောင်း သောက်စား၍သော်လည်းကောင်း ထိုဓာတ်များကို ရရှိနိုင်ပါသည်။
၈) ဒိန်ချဉ်လတ်လတ်ဆတ်ဆတ်

၉) စတော်ဘယ်ရီ (ဘယ်ရီသီးအမျိုးမျိုး)
ဗီတာမင်စီပါဝင်တဲ့ အသီးများကို စားသုံးခြင်းဟာ သင့်ဆံပင်တွေကို အထောက်အကူပြုစေမှာပါ။ ဗီတာမင်စီက ဦးရေပြားအား သွေးလှည့်ပတ်မှုကောင်းစေပြီး ဆံပင်အရင်းအမြစ်များကို အားပြည့်စေသော သွေးကြောမျှင်များကို အထောက်အပံ့ပေးပါတယ်။ သင့်ရဲ့ အစားအသောက်မှာ ဗီတာမင်စီနည်းနေမယ်ဆိုရင်တော့ ဆံပင်များ ကျိုးပဲ့ ပျက်စီးခြင်းကို ဖြစ်စေပါတယ်။
အခြားနည်းလမ်းများ : ကီဝီသီး၊ လိမ္မော်သီး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီးနှင့် ဗီတာမင်စီကြွယ်ဝသောအခြား သစ်သီးများကိုလဲ စားသုံးနိုင်ပါသည်။
၁၀) မွေးမြူရေး တိရစ္ဆာန်များထက် အိမ်မွေး တိရစ္ဆာန်များစားခြင်းက ပိုကျန်းမာစေနိုင်
ဆံပင်တွေကိုခိုင်မြဲ
သန်မာစေဖို့အတွက် သုံးတဲ့ zinc ဓာတ်၊ iron ဓာတ်၊ နှင့် ဗိုင်တာမင် ဘီ
တို့အပါအဝင်ပရို တိန်းတို့ ပါလာပြီဆိုရင်တော့ နေ့စဉ် လုပ်ဆောင်ချက် တွေ
ဟာ တမူထူးခြားတော့မှာပါ။
Drayer says.ဘာကြောင့်လဲဆိုတော့
ဆံပင်တစ်ခုလုံးနီးပါးက ပရိုတိန်းဓာတ်ချည်းပါဘဲ။ စားသောက်တဲ့ အစားအသောက်တွေမှာ
ပရိုတိန်းဓာတ် များများပါခြင်းဟာ သေချာပြောရရင် ဆံနွယ်များ ပိုမို ကြံ့ခိုင်စေအောင်
ခုခံမှုတစ်ခုကို တည်ဆောက်ပေးထားသလိုပါဘဲ။
အခြားနည်းလမ်းများ
:
အဆီမပါသော အမဲသားတုံးများသည် အဆီနည်းသော ပရိုတိန်း ရရှိနိုင်သည့်
ရင်းမြစ်ကောင်းတစ်ခု ဖြစ်သည်။
No comments:
Post a Comment