Tuesday, July 23, 2013

ထောက်ခံစာ တောင်းဖို့ သိထားသင့်သော အချက်များ


သင်အလုပ်တစ်ခုလျှောက်တဲ့အခါ..သို့မဟုတ်….ကျောင်းလျှောက်တဲ့အခါ…သင့်ကိုထောက်ခံနိုင်မဲ့လူဆီက…စာတစ်စောင်တောင်းဖူးမှာပေါ့နော်…အဲဒီအခါမျိုးမှာ.. အဲဒီဆရာသို့မဟုတ် အထက်လူကြီးကို ..ဘယ်လို Request လုပ်ရမလဲ..သင်တွေးဖူးလား...အဲလိုရေးခိုင်းတဲ့အခါမှာ.. မှတ်ထားရမယ့် အချက်တွေကိုကော.. သင်သိထားရဲ့လား… အချက် (၈) ချက်ရှိတယ်လို့…ခင်မြတ်ဖတ်ဖူးတယ်…အားလုံးသိရအောင်… share လိုက်မယ်နော်…. ဆရာတတ်တာတော့ မဟုတ်ပါ….
 
8 Recommendation Letters Tips to Remember
၁) သင်စပြီးတော့ Request လုပ်တော့မယ်ဆိုရင်… ဘယ်လိုလူမျိုးကို ထောက်ခံခိုင်းမလဲ.. သင့်အကြောင်းကို ကောင်းစွာသိတဲ့လူ… deadline မရောက်ခင် အချိန်မီ recommend letter ကိုပို့ပေးနိုင်တဲ့လူမျိုးဖြစ်ရပါမယ်.. တစ်ချို့လူတွေက သင့်အတွက်အရေးပါအရာရောက်ပေမဲ့လည်း.. အတော်ဝေးလံတဲ့နေရာရောက်နေလို့ပဲဖြစ် ဖြစ်…ခရီးသွားနေလို့ပဲဖြစ်ဖြစ် အချိန်မီပေးပို့နိုင်မှာ မဟုတ်သောကြောင့်ဖြစ်တယ်… ဒါပေမဲ့..အခုတော့ ဒီပြဿနာတွေမရှိနိုင်သလောက်နည်းနေပါပြီ…နေရာတိုင်းမှာ internet ရှိလို့ email ကနေတစ်ဆင့်ပို့လို့ရနေ ပြီပဲ…

၂) Recommend ရေးတာဟာ ရိုးရှင်းလွယ်ကူသော်ငြားလည်း သင့်ကိုဘယ်သူက အကောင်းဆုံး recommend ကိုပေးနိုင် မလဲဆိုတာကို... တစ်ယောက်ယောက်ကိုအကြံပြုခိုင်းပါ... ဘယ်လောက်ထိခိုင်မာတဲ့...recommendation ရနိုင်မလဲ ဆိုတာကို သင်မသေချာဘူးဆိုရင်.. သင့်ကိုထောက်ခံပေးမဲ့လူကို ရိုးသားပွင့်လင်းစွာနဲ့.. သင့်ကိုထောက်ခံစာ ရေးပေးဖို့အဆင်ပြေရဲ့လား...ကူညီဖို့အဆင်ပြေရဲ့လားမေးပါ။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီးတော့ပေါ့။ သင့်မေးခွန်းအပေါ်မှာ...ဂရုတစိုက်ရှိပါစေ... လူအများကတော့သင့်ကို ရိုးသားတဲ့အကြံပေးမှာပါ..

၃) ယဉ်ကျေးစွာနဲ့ ဖြစ်နိုင်ခြေရှိတဲ့ လူတစ်ယောက်ကို သင့်ကို အကောင်းဆုံး ထောက်ခံစာရေးနိုင်ဖို့လုံလောက်တဲ့အချိန်တော့ ပေးရပါလိမ့်မယ်... အကောင်းဆုံး စာတစ်စောင်ဖြစ်ဖို့...သူ့ကို ကိုယ်လက်ခံနိုင်တဲ့ အချိန်အတိုင်းအတာကို သူသိပါစေ... (ဥပမာ- ကျွန်မ ဒီထောက်ခံစာကို တစ်ပတ်အတွင်း အရေးတကြီးလိုချင်ပါတယ်လို့ request လုပ်သင့်ပါတယ်။)

၎) ထောက်ခံစာတစ်စောင်ရေးဖို့.. တောင်းဆိုတဲ့အခါ.....သင့်ရဲ့လက်ရှိအထောက်အထားတွေက သင့်ကိုထောက်ခံစာရေးပေးဖို့.. အသုံးဝင်စေတာ သတိရပါ... သင့်ရဲ့ resume မှာ မပါမဖြစ်ပါသင့်တဲ့အချက်တွေကတော့ သင့်လုပ်ဆောင်ချက်တွေ ပြီးတော့ သင့်ရဲ့အတွေ့အကြုံတွေပဲ.....အဲဒါတွေက သင်လိုချင်တဲ့ အလုပ် (သို့) သင်စိတ်ဝင်စားတဲ့ဘာသာရပ်ဆိုတဲ့နေရာအတွက် သင့်ကို ရွေးချယ်ဖို့အကောင်းဆုံး ထောက်ခံချက်တွေပါပဲ..ဒါ့အပြင် အခုလက်ရှိအထောက်အထားတွေ..အထက်တန်းကျောင်းမှာ သင်ဖူးခဲ့တဲ့ ဘာသာရပ်တွေ သင်တက်ခဲ့ဖူးတဲ့တက္ကသိုလ်တွေကလည်း အထောက်အပံ့ပေးနိုင်မှာပါ...တစ်ခုတော့သတိရပါ...recommend ပေးမဲ့ သူက သင့်အကြောင်းကို ကောင်းကောင်းသိသော်လည်းပဲ သူက သင် လိုချင်တဲ့အလုပ် သို့ နေရာအတွက် သင့်ရဲ့ အရည်အချင်း အားလုံးကိုတော့ ဂရုစိုက်နိုင်မှာမဟုတ်ဘူးဆိုတာပဲ....သင်သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံသင့်ရင် တွေ့ဆုံ ရပါမယ်။ ဒါမှ သင့်ရဲ့ အတွေ့အကြုံတွေနဲ့.. ဒီနေရာကို သင်ဘာကြောင့် လိုချင်ရသလဲဆိုတာတွေကို ပြောနိုင်မှာပေါ့... ဒါ့အပြင် သင့်ရဲ့ရည်မှန်းချက် သင့်ရဲ့ရည်မှန်းချက်ရောက်အောင် ဘာတွေလေ့လာနေတယ်စတဲ့ လက်ရှိအခြေအနေတွေကိုလည်း သင်ရှင်းပြနိုင်လိမ့်မယ်...

၅)တကယ်တော့ ယေဘုယျအားဖြင့်ပေါ့...ထောက်ခံစာရေးဖို့တောင်းဆိုတဲ့အခါ....သင့်ကိုထောက်ခံပေးမဲ့လူက... အရေးပါတဲ့နေရာက လူဖြစ်နိုင်တာ အကောင်းဆုံးပါပဲ (ဥပမာ - ကျောင်းမှ ပါမောက္ခ၊ အထက်လူကြီး).... သင်ကျောင်းလျှောက်ဖို့ပဲဖြစ်ဖြစ်...ဒါမှမဟုတ်.... အလုပ်ခွင်ဝင်ဖို့ပဲဖြစ်ဖြစ်... သင့်မှာ အတွေ့အကြုံ အနည်းငယ်နဲ့.. သင့်အကြောင်းကို သိတဲ့ လူတစ်ချို့ ရှိမယ်ဆိုရင် ကောင်းပါတယ်.... အဲဒီလူတွေကသင့်ကိုကျောင်းကတည်းက သို့မဟုတ် လူမှုအဖွဲ့အစည်းကနေ ဟိုးအရင်ကတည်းကသိခဲ့တယ်ဆိုရင်တော့ သင့်ရဲ့အကျင့်စရိုက်ကိုထောက်ခံပေးဖို့ အဲဒီလူတွေဆီမှာ အကူအညီ တောင်းတာ အကောင်းဆုံးပါဘဲ


၆) သင်ရဲ့ထောက်ခံစာမှာ... ပုံစံတကျရေးဖို့...ဒါမှမဟုတ်...အတိုင်းအတာ အရွယ်အစား..စာလုံးရေဘယ်လောက်သုံးရမလဲပေါ့...အဲဒီလို သတ်မှတ်ချက်တွေပါခဲ့ရင်...ထောက်ခံစာရေးဖို့တောင်းဆိုတဲ့အခါ တစ်ခါတည်း....အဲဒီအချက်တွေကိုပါထည့်သွင်းပြောဆိုပါ..


၇) အရေးအကြီးဆုံးကတော့ recommender ကို အထူးကျေးဇူးတင်ကြောင်း ပြောဖို့ပါ အဲဒါကတော့လုံးဝမမေ့သင့်တဲ့အရာနော်....သင့်ဆီကို သူရေးပေးတဲ့ ထောက်ခံစာဟာ သင့်ရဲ့ပန်းတိုင်ရောက်အောင် အထောက်အပံ့ပေးတာမို့လို့ သင့်ရဲ့ ကျေးဇူးတင်ခြင်းကို စာကြောင်းတိုတိုလေးနဲ့ပဲ ဖြစ်ဖြစ် ပြန်ပို့ပေးဖို့မမေ့ပါနဲ့.....

၈) နောက်ဆုံးထပ်ပြောချင်တာကတော့...သင့်အတွက် ထောက်ခံစာတစ်ခုကိုတောင်းဆိုတာဟာ သင်ဘွဲ့ယူခါနီးအချိန်လိုပဲ အရေးကြီးတယ်လို့ပြောချင်ပါတယ်... ထောက်ခံစာတွေဟာ သင်အလုပ်ထွက်တဲ့အခါပဲဖြစ်ဖြစ် သင့်ရဲ့career ပြောင်းသွားတဲ့အခါပဲ ဖြစ်ဖြစ် အရေးကြီးတဲ့ အရာတစ်ခုပါ။...ကဲဒါကြောင့် ဘ၀အတွက်မျှော်မှန်းချက်ကြီးသူများအနေဖြင့်... recommend letter က အမြဲတမ်းကြုံတွေ့နေရမှာပါပဲ.. အဲဒီအခါ...ဘယ်လိုမျိုးလူမျိုးကို သင်ရေးခိုင်းဖို့အကူအညီတောင်းမလဲ... သင့်ကိုထောက်ခံပေးမဲ့လူ.. ရေးချင်လာအောင်...သင်ဘယ်လို request လုပ်မလဲ... သူသင့်ကိုရေးပေးဖို့ သင့်ဘက်ကဘာတွေပြင်ဆင်ပေးရမလဲဆိုတာကို... အခုသိပြီပေါ့နော်... 





Monday, July 22, 2013

“ယနေ့ သင်ကိုယ်တိုင် ထုဆစ်လိုက်တဲ့ သင့်ရဲ့ စိတ်အလှကို သင်ကျေနပ်ရဲ့လား??”



ဒီနေ့ည အိပ်မပျော် တာနဲ့ ဟိုတွေး ဒီတွေး တွေးနေမိတယ်…. နေ့တိုင်းနေ့တိုင်း ငါဟာ ဖြူစင်ရဲ့လားဆိုတာကိုပါ… အမြဲတမ်း မဖြူစင် နိုင်ပေမဲ့ ဖြူစင်တဲ့ စိတ်ထားတော့ အမြဲထားပါတယ်.. ကိုယ့်ကိုယ်ကိုလည်းထင်မိတယ်.. တတ်နိုင်သမျှ စိတ်ကိုဖြူစင်အောင်ထားပေမဲ့လဲ တစ်ခါတစ်လေတွေမှာတော့ တစ်ခြားသူအပေါ် စိတ်ထားမကောင်းတာမျိုး တွေးမိတယ်…တစ်ခြားသူတစ်ယောက်ရဲ့ ခံစားချက်ဘက်က မမြင်ကြည့်မိလို့ အထင်လွဲကာ စိတ်ထားပုတ်မိခဲ့လျှင် ပုတ်မိမှာပါ… လူတွေက တစ်နေ့တစ်နေ့ ကိုယ့်ဘာသာ ကိုယ့်စိတ်ကို ထုဆစ်နေကြတာပါလားလို့.. ငယ်ငယ်တုန်းက စိတ်ထားတွေ ဖြူစင်ကြတယ်.. ကြီးလာတော့ ကောက်ကြောင်းတွေများလာသလို .. အလှည့်အပြောင်းတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်မှုတွေရှိလာတယ်… ကျွန်မတို့က လူသားတွေပဲ မလား။ ဘယ်သူကမှတော့ မပြည့်စုံပါဘူး....... တတ်နိုင်သမျှတော့ အကောင်းဆုံး ဖြစ်အောင် နေကြည့်ဖို့ ဆုံးဖြတ်ထားတယ်..

ကျွန်မ အားနည်းချက်က ဟန်မဆောင်တတ်တာ.. စိတ်က ဘယ်လိုမှ ဟန်ဆောင်လို့ မရဘူး .. တစ်ခုခုကိုစိတ်ပါလက်ပါ လုပ်တတ်တယ်..ဒါကြောင့်လဲ တစ်ခြားသူကြောင့် ထိခိုက်ရင် ဝမ်းနည်းလွယ်တယ်… ဒီစကားလေးကို အမြဲတမ်း သတိရစေဖို့ မနက်တိုင်း ဖတ်မယ်လို့ စဉ်းစားထားတယ်.. ကိုယ့်ကိုယ်ကို သတိပေးသလိုဖြစ်အောင်ပေါ့.. တစ်ခါတစ်လေ သူများတကာကို စိတ်ထဲက မကျေနပ်တာတွေဖြစ်လာတဲ့အခါ စိတ်ထားပုတ်တွေ မမွေးမြူနိုင်အောင်ပါ..

ခင်မြတ်
(၂၅.၉.၀၉)

blogspot တွေပိတ်ထားတုန်း wordpress မှာ ရေးထားခဲ့တဲ့စာလေး ပြန်တင်လိုက်တာပါ။ 

Sunday, July 21, 2013

Book Review :: Daddy’s Little Secret (Pregnant at 14 and there’s only one man who can be the father ……)



ဒီစာအုပ်က တကယ့်အဖြစ်မှန်စာအုပ်တစ်အုပ်ပါ။ တော်တော့်ကို ဖတ်လို့ကောင်းပါတယ်။ ကျွန်မလို psychology ကို စိတ်ဝင်စားတဲ့လူတစ်ယောက်အတွက် လူတွေရဲ့ behavior တွေကို ဒီအထဲမှာ လေ့လာလို့ရသွားတယ်။ 

Tina ဆိုတဲ့ ကလေးမလေးဟာ အားကိုးခဏခဏရှာတဲ့ သူ့အမေကြောင့် ပထွေးများစွာနဲ့ နေခဲ့ရတယ်။ သူမ ဟာ အမေရဲ့ ချစ်ခြင်းကို ဘယ်တော့မှ မခံရဘူးတဲ့ အချစ်ငတ်ရှာတဲ့ ကောင်မလေးတစ်ယောက် အဖြစ် ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူပါ။ သူမ အမေဟာ စိတ်ညစ်လာတိုင်း နင့်ကို မမွေးခဲ့ရင် ကောင်းမှာပဲ ဆိုတဲ့ စကားကို ခဏ ခဏ ပြောလေ့ရှိတယ်။ သူမဟာ လူတွေရဲ့ အလေးထား ဆက်ဆံခြင်းကို ဘယ်တုန်းကမှ မခံစားဘူးခဲ့ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမရဲ့ ဘဝကို တစ်ဆစ်ချိုးပြောင်းပေးမဲ့ လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ သူမရဲ့ ပထွေးအသစ်ဖြစ်တဲ့ Charlie ပါ။ သူဟာ သူမကို အရေးတယူ အမြဲ ဦးစားပေး ဆက်ဆံလေ့ရှိတယ်။ သူမ ဘဝမှာ တစ်ခါမှ မရဘူးတဲ့ နွေးထွေးခြင်းတွေ ယုယခြင်းတွေကို Charlie နဲ့တွေ့မှ ခံစားခဲ့ဖူးတာပါ။ သူမ သိပ်ပျော်ခဲ့တယ်။ သူမအတွက်တော့ အဲအချိန်တွေက သိပ်ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေပေါ့။ 

တစ်နေ့တော့ အဲအချိန်တွေကို Charlie ကပဲ အဆုံးသတ်ပစ်လိုက်တယ်။ သူမဟာ Charlie ရဲ့ မတရား အနိုင်ကျင့် (sexually abuse) လုပ်ခံခဲ့ရပါတယ်။ အရွယ်မရောက်သေးခင်မှာပဲ ဘာမှန်းမသိတဲ့ အရာတစ်ခုကို အတင်းအဓမ္မပြုကျင့်ခံခဲ့ရတယ်။ Charlie ဟာ သူမကို ဘယ်သူမှမပြောအောင် ချိန်းခြောက်ထားခဲ့တယ်။ Charlie ဟာ သူမကို လိုအပ်တိုင်း ရောက်လာပြီး အနိုင်ကျင့်လေ့ရှိတယ်။ သူမအတွက်တော့ ဘဝငရဲကို ခံစားနေရသလိုပါဘဲ။ သူမကို ဘယ်မှ ပေးမထွက်တော့ဘဲ အပြင်လောကနဲ့ပါ အဆက်အသွယ်ဖြတ်ခဲ့တယ်။ သူမကို အနိုင်ကျင့်တိုင်းမှာလည်း Charlie ဟာ အခုလိုဖြစ်နေရတာ နင့်ကြောင့်လို့ သူမကို အမြဲပြောလေ့ရှိတယ်။ ထိုစကားတွေကြောင့်  ကြာလာတဲ့အခါ သူမကိုယ်တိုင်က “ငါ့ဆီမှာ အပြစ်တစ်ခုရှိနေလို့သာ ငါ့ကို ချစ်ခင်ကြင်နာခဲ့တဲ့  လူတစ်ယောက်ဟာ ပြောင်းလဲသွားရှာတယ် ….. င့ါကြောင့် လူတွေဟာ ပြောင်းလဲကုန်တယ်။ ငါဟာ ဂြိုဟ်ဆိုးတစ်ကောင်လို  ဘာမှအသုံးမကျသူတစ်ယောက်ပါလား” ဆိုပြီး သူ့ကိုယ်သူ ဂြိုဟ်ဆိုးအဖြစ် မှတ်ယူကာ စိတ်ဒဏ်ရာရခဲ့ရှာတယ်။
သူမအမေကလည်း Charlie ကြောင့် သူမကို လင်လုယူသူအဖြစ် သတ်မှတ်ပြီး ထားခဲ့ခြင်းကို ခံခဲ့ရတယ်။ ဒီလိုနဲ့ သူမဟာ Charlie နဲ့ တိတ်တိတ်ပုန်း ကလေး (၄)ယောက်တိတိ ရသည်အထိ နေခဲ့ရတယ်။ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်ခဲ့တဲ့ သူမဟာ တစ်နေ့တော့ အင်တာနက် သုံးတတ်အောင်ကြိုးစားရင်း  MSN က သူငယ်ချင်းတော်တော်များများရခဲ့တယ်။ တစ်နေ့တော့ သူမကို Charlie အရိပ်ကနေ လွတ်အောင် လုပ်နိုင်တဲ့ နည်းလမ်းကို ပြပေးတဲ့ သူငယ်ချင်းတစ်ယောက်ကို မမျှော်လင့်ဘဲ ရခဲ့တယ်။ သူဟာ သူမရဲ့ ကြောက်စိတ်တွေကို ထွက်ပေါက်ဖြစ်အောင်လုပ်ပေးနိုင်ခဲ့တယ်။ သူ့ကြောင့် သူမဟာ Charlie အရိပ်က လွတ်မြောက်ခဲ့ပြီး Charlie ဟာလဲ သူ့ရဲ့ အပြစ်တွေကို ပေးဆပ်ဖို့ဖြစ်လာခဲ့တယ်။ သူမဘဝမှာ တစ်ခါမှ မမက်ဘူးသော အိမ်မက်ကို မက်ခွင့်ရှိခဲ့တယ်။ သူမ ရဲ့ ကြောက်စိတ်တွေကို သူမတွန်းလှန်ဖို့ တော်တော်ကို ကြိုးစားခဲ့ရတယ်။ Charlie ထောင်ကျပြီးနောက်မှာ သူမဟာ Andy နဲ့တွေ့ခဲ့တယ်။ Andy နဲ့တွေ့မှ သူမဟာ အချစ်ကို ခံစားဖူးခဲ့တယ်။ သူမ ဘဝတစ်လျှောက်လုံး ရှာခဲ့တဲ့ အချစ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူမ ဘဝမှာ ရရှိခဲ့တဲ့ သင်ခန်းစာကတော့ ဘယ်လောက်ပဲ ခက်ခဲနေတဲ့ အခြေအနေဖြစ်ဖြစ်၊ ဘယ်လိုကြောက်စိတ် မျိုးပဲ တားဆီးထားပါစေ အဲဒီအတားအဆီးတွေကို ကျော်ဖြတ်ဖို့အတွက် ငုတ်လျှိုးနေတဲ့ သင့်သတ္တိတွေကို ထုတ်ပြီး ဘဝကို ပြောင်းလဲလိုက်ဖို့ပါဘဲ။ အခုတော့ သူမဟာ ဘယ်တော့မှ မတွေ့နိုင်ဘူး ထင်ခဲ့ရတဲ့ ပျော်ရွှင်ခြင်းဆိုတာကို တွေ့ရှိခဲ့ပြီး ပျော်စရာ မိသားစုလေးနဲ့ အတူ နေထိုင်နိုင်ပါပြီ။

ဒီစာအုပ်လေးဖတ်ပြီး ဘဝမှာ အခက်အခဲတွေကို မဖြတ်သန်းနိုင်တာ ကြောက်စိတ်ဆိုတဲ့ အတားအဆီး ကြောင့်ပဲ ဆိုတာ အသေအချာ သိသွားခဲ့ရတယ်။ သူမလိုလူမျိုးတွေ့ခဲ့ရင် ဘယ်လို Counseling လုပ်ပြီး အားပေးရမလဲဆိုပြီး တွေးနေမိတော့တယ်။