Friday, November 16, 2012

Paradise Island (or) BALI



Bali!!! This was one of my 2012 resolutions and I accomplished it.  It was my remarkable and tremendous trip that I ever went and which is the one I went with my own funding. ^_^ We had planned for this trip one year ahead. We arranged air tickets, hotel rooms and everything six months ago. That is why, we got cheaper price everything. If you want cheaper price, do booking and buy air tickets as soon as possible. I would like to suggest you should bring also sun glasses, hat, short pants, medicine (if you love sea food :P)  and around 1500 U$ dollars. Don't bring a lot of dresses because you could buy at bali  where got plenty of textiles and varieties of fabrics.  As a citizen of Myanmar, we need to do a visa to entry Indonesia. I realized that save the time, when we got Bali. I went to Bali through Singapore because I needed to wait another two buddies who flew from Dubai. We left around 12-30 pm (Singapore time) with whole of excitement. On the way to Bali, we were discussing about what we should there and how marvelous, amazing and fantastic it would be.

When you ask me what Bali means to me and you’ll get as many answers as there are flowers on a frangipani, enchanting temple ceremonies, mesmerizing dance performances and ribbons of beaches are just some of the images of people cherish. There are pleasures of the body, whether a massage on the beach or a hedonistic interlude in a sybaritic spa. Shopping that will put ‘extra bag’ at the top of your list. Food and drink ranging from the freshest local cuisine to food from around the globe, often prepared by chefs and served in restaurants that are world class.

1st day of Bali 

entrance gate of Kuta airport
As soon as we arrived to airport, we saw the traditional entrance gate which is decorated with ogre statue and it is beautiful. Besides, we felt the smell of Bali in the air. Bali is one of the tourist destination and we saw many Russians and Australians there though September is not tourist season. You will not believe if I say there are over 200 people waiting to get arrival visas. Fortunately, we already got visas before trip so that we didn’t need to stand in the visas application’s queue; nevertheless, we had to wait at immigration check point about one hour to get out of the airport. When we checked the exchange rate at airport’s money exchange counter, the conversion rate is 1$ for 9200Rp. OMG!!!! their inflation rate is so high.Don't change money at air port because their pay rate is lower than outside. We had to pay 70000 Rp ($8) for taxi fare from airport to hotel, which is the first time paying over 70k for one way taxi fare in our life. 


On the way to hotel, we saw some buildings look like shrine in front of every house. So we were wondering what it is for and how it is related to Bali’s culture. Also, we heard that their religion is Hindu and they believe in magic.






paru  or shrine (that locates in front of every house in bali)







Balinese people
The Balinese worship the Hindu trinity Brahma, Shiva and Vishnu, who are seen as manifestations of the Supreme God Sanghyang Widhi. Other Indian gods like Ganesha (the elephant-headed god) also often appear, but more commonly, one will see shrines to the many gods and spirits that are uniquely Balinese. Balinese believe strongly in magic and the power of spirits and much of their religion is based upon this. They believe that good spirits dwell in the mountains and that the seas are home to demons and ogres. Most villages have at least three main temples; one, the Pura Puseh or 'temple of origin', faces the mountains and is dedicated to the village founders, another, the Pura Desa or village temple, is normally found in the centre and is dedicated to the welfare of the village, the last, the Pura Dalem, is aligned with the sea and is dedicated to the spirits of the dead. Aside from these 'village' temples, almost every house has its own shrine and you can also find monuments dedicated to the spirits of agriculture, art and all other aspects of life. Some temples, Pura Besakih for example, on the slopes of Mount Agung, are considered especially important and people from all over Bali travel to worship there.
(I think you might interest about Taksu, that is why I found out some information from internet and Balinese people)

Ramayana Resort
When we get Ramayana Resort they treat us with welcoming lemon drinks. It is a 4 star hotel and when we step to lobby we felt their hospitability and nice visitor room. The best culture I love in bali is every men and women are willing to put sagawah flower on their head. Ramayana hotel is located in a nice place and can go to kuta beach by walking. After we did showering, we went to walk along the street which has bars, pubs and sea food restaurants. Kuta is all about bacchanalian nights and rampant commerce. Prepare yourself for plenty of attention from the shopkeepers and armies of hawkers that comb the streets here. 

900000 RP Dinner :D

We had dinner at Discovery Kartika Plaza Hotel feeling the breeze coming across the sea. It costs around 900000 Rp (around 100 $) for 3 persons. But it was nice. =D After having great great dinner there, we walked along the street and explored  the tour services for tomorrow trip. We chose to go UBUD and hired car for one day and it costs 50 dollars. I think it is cheaper than Myanmar because they provide service from 7 am to 8pm with luxurious air-conditioned car. When we were back to hotel room, it was already around 10 pm and we had sound sleep at that night since we all were so tired. =)

Monday, October 15, 2012

ချစ်တတ်ကြပါစေ …..



 
ကျွန်မတို့ ချစ်ကြတယ် ….မိဘတွေကိုချစ်တယ်… သူငယ်ချင်း ကိုချစ်တယ်.. မိသားစုကိုချစ်တယ်… အစ်မကို ချစ်တယ်… ချစ်သူကိုချစ်တယ် …. ကလေးတွေကိုချစ်တယ်… သဘာဝပတ်ဝန်းကျင်ကိုချစ်တယ် ….. အရောင်လေးတွေကိုချစ်တယ် စတဲ့ ချစ်စရာ အမျိုးမျိုး ရှိတဲ့ ကမ္ဘာလောကကြီးကိုလဲ ချစ်ကြပါတယ်… အဲလိုချစ်တဲ့အခါ ကျွန်မတို့ရဲ့ ချစ်ပုံချစ်နည်းတစ်ချို့ဟာ နည်းလမ်းမကျ ဖြစ်နေလေ့ရှိတယ်… ကိုယ်ချစ်တဲ့ အရာတွေကို ပျက်စီးအောင် ဒါမှမဟုတ် ထိခိုက်အောင် မရည်ရွယ်ပါဘဲနဲ့ ဖြစ်ပျက်သွားတာတွေ ရှိပါတယ်.. ကျွန်မတို့ ချစ်တဲ့အရာတွေအတွက် ကျွန်မတို့နည်းနည်းလောက် ပြောင်းလဲ ကြည့်ကြရအောင်…

အများသိတဲ့အတိုင်းပါဘဲ ကျွန်မတို့ မြန်မာနိုင်ငံဟာ ရှေးရိုးအနည်းငယ်ဆန်တယ်ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။ ထိုအထဲမှာ မိဘတွေက သားသမီးတွေကိုချစ်တဲ့အခါမှာလဲ ရှေးရိုးဆန်နေသေးတဲ့ မိဘတော်တော်များများကို ကျွန်မတို့တွေ့ဖူးပါလိမ့်မယ်။ မြန်မာမိဘ တော်တော်များများက သားသမီးတွေကိုချစ်လွန်းတဲ့အခါ ရင်အုပ်မကွာ စောင့်ရှောက်ပေးချင်စိတ်ရှိကြပါတယ်။ ဒါ အင်မတန်မှ နွေးထွေးမှုရှိတဲ့ မိသားစု ဓလေ့စရိုက်ပါ။ သို့ပေမဲ့ လိုအပ်တာထက် ပိုစောင့်ရှောက်ခံရတဲ့ သားသမီးအများစုရရှိသွားတာက တော့ သူတစ်ပါးအပေါ်မှီခိုအားကိုးတဲ့စိတ်ကလေးတစ်ခုပါဘဲ။ ထိုမိသားစုမျိုးဆီက မွေးဖွားလာတဲ့ ကလေးအများစုမှာ တွေ့ရတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရာတွင် အားနည်းခြင်း နှင့် သူတစ်ပါးအပေါ် မှီခိုလိုစိတ်များခြင်း တို့ဖြစ်ပါတယ်။ မိမိတို့ချစ်တဲ့ မိမိတို့ရဲ့ သားသမီးရတနာလေးတွေ ကို မိမိတို့ဘာသာ မသိလိုက်ဘဲ နည်းလမ်းမှားတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် တွန်းပို့မိလျက်သား ဖြစ်နေတာကို လူကြီးမင်းတို့ သတိထားမိခဲ့ကြပါရဲ့လား။

ကျွန်မတို့ ချစ်ပုံချစ်နည်းလေး ပြောင်းလဲကြလိုက်ရအောင်ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ မိဘတိုင်းဟာ ကိုယ်မရှိတဲ့နောက် လောကထဲမှာ ကျန်ရစ်ခဲ့မည့် သားသမီးတွေကို စိတ်ချ လက်ချ ထားခဲ့ချင်မှာပါ။ ဒါဆိုရင် ကျွန်မတို့ ဘာလို့ ကိုယ့်အားကိုယ်ကိုးနိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ် ချက်ချနိုင်မည့် သားသမီးလေးတွေ မွေးထုတ်ကြရအောင်။ ကျွန်မတို့  အောက်ပါ နည်းလမ်းလေးတွေမှာ ပြောင်းသုံးကြည့်ဖို့ လိုပါလိမ့်မယ်။

သင့်ကလေးငယ် ချော်လဲတဲ့ အခါမှာ ချက်ချင်း ထူဖို့ မကြိုးစားပါနဲ့။ (ပြင်းထန်တဲ့ ချော်လဲမှုမျိုးကိုတော့ မဆိုလိုပါဘူး) သူ့ဘာသာ သူ ကြိုးစား ထနိုင်ဖို့ အဝေးတစ်နေရာကနေ စောင့်ကြည့်ပေးပါ။ သူထနိုင်ဖို့လဲ အားပေးပါ။ ခဏနေမှ သူ့ကိုထူဖို့ ကြိုးစားကြည့်ပါ။ ဒါဆို ငယ်ငယ်ကတည်းက ကလေးငယ်တွေကို ကိုယ့်အားကိုယ်ကိုးတတ်ဖို့ လေ့ကျင့်ပေးတာနဲ့ တူပါတယ်။ ထို့အပြင်ကလေးငယ်များကို သူ့ရဲ့ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းစေခြင်း၊ သူ၏ကျောင်းသုံးလွယ်အိတ်အား ကိုယ်တိုင်ပေးလွယ်ခြင်း စသည်တို့မှ စ၍ ကိုယ်အားကိုယ်ကိုးတတ်ရန် လေ့ကျင့်ပေးနိုင်သည်။

ကျွန်မတို့ ရဲ့ ကလေးရတနာလေးတွေ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်အောင် လဲ ပြုစုပျိုးထောင်ပေးဖို့လိုပါလိမ့်မယ်။ ဥပမာ - အင်္ကျီဝတ်တော့မယ်ဆိုရင် သင့်တော်မဲ့ အက်ႌေတြထဲက သူႀကိဳက္တဲ့ အက်ႌကို သူ့ဘာသာ ရွေးချယ်ဝတ်ဆင်စေခြင်း။ တကယ်လို့ သူက အရမ်းချမ်းတဲ့အချိန်မုတှာ လက်ပြတ်ဝတ်ချင် တယ်ဆိုရင်လဲ ပေးဝတ်လိုက်ပါ။ သူချမ်းလာတဲ့အချိန်မှာ အသင့်ထုတ်ပေးမဲ့ အနွေးထည်လေးတော့ ပါလာပါစေ။ ဒါမှ သူကိုယ်တိုင် အပူ အအေးနဲ့ လိုက်ဖက်အောင် ဘာဝတ်သင့်လဲဆိုတာကို ဆုံးဖြတ်တတ်လာပါလိမ့်မယ်။ ထို့အပြင် ဆယ်တန်းအောင်လို့ ကျောင်းရွေးချယ် တာတွေက အစ သင့်ကလေးကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ရွေးချယ်ပါစေ။ ထို့အတူ ကိုယ်ဆုံးဖြတ်ခဲ့တဲ့အရာအတွက် တာဝန်သိတတ်မှုလိုတယ်ဆိုတာလဲ ပြောပြပေးထားပါ။ ဒါလေးတွေက အသေးအဖွဲလေးတွေမဟုတ်ပါဘူး။ တစ်ချိန် ဘဝမှာတစ်ယောက်ထဲ ရှင်သန်ရတဲ့အချိန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချတတ်နိုင်မှာပါ။ လူတိုင်း မှားတတ်ပါတယ်။ သင့်သားသမီးလဲ မှား တတ်ပါစေ။ အမှားထဲက သင်ယူတတ်ပါစေ။ ထို့ကြောင့် ဆိုးရွားသော မှားယွင်းဆုံးဖြတ်ချက်ကိုသာ အကြံပေးခြင်းမှ အပ အခြားသော ကိစ္စရပ်များကို သူ့ဘာသာ တာဝန်ယူ ဆုံးဖြတ်ရဲသူ တစ်ယောက်ဖြစ်ပါစေ။

ကလေးငယ်တွေဟာ စူးစမ်းချင်စိတ် အမြဲရှိပါတယ်။ အဲဒီစိတ်ကလေးကို မိဘတွေရဲ့စိတ်မရှည်မှုတစ်ခုနဲ့ ရိုက်မချိုးစေချင်လိုပါ။ ကလေးငယ်များသည် မလုပ်နှင့်ဟုပြောလျှင် ပို၍ လုပ်တတ်ချင်ကြပါသည်။ ဥပမာ - မီးခြစ်မခြစ်နှင့်ပြောလျှင် ထိုကလေးသည် လူကြီးကွယ်ရာတွင် မီးခြစ်အား ကစားမည် ဖြစ်သည်။ ထို့ကြောင့် မီးခြစ်ခြစ်ခြင်းကြောင့်ဖြစ်လာနိုင်သည့် ဆိုးကျိုးများအား ပြောပြထားပြီးနောက် မီးခြစ်ခြစ်ဖို့ လိုအပ်လာလျှင် မိမိ ကလေးငယ်အား မိမိရှေ့တွင် မီးခြစ်ကူညီခြစ်ခိုင်းလိုက်ပါ။ ထိုကလေးသည် မိဘ၏ ယုံကြည်မှုကိုရသည့်အပြင် သူလုပ်စေချင်သော အရာအား လုပ်ရသဖြင့် ကလေးသည် မိဘကွယ်ရာတွင် ခိုးဝှက်လုပ်တော့မည်မဟုတ်ပါ။

ထိုသို့ စူးစမ်းချင်စိတ်ရှိသည့်ကလေးအား လူကြီးများက ကဲသည်ဟု သတ်မှတ်ပြီး ကြောက်ရွံတတ် သော ကလေးများအား လိမ္မာသည်ဟု ပြောတတ်ကြသော အလေ့အကျင့်များအား ပြောင်းလဲသင့်နေပါပြီ။ စူးစမ်းချင်စိတ်ရှိသည့် လူမကြောက်ရွံတတ်သည့် ထိုကလေးသည် self confident မြင့်သော လူတစ်ယောက် ဖြစ်နိုင်လာပေသည်။ အရာရာတွင် ကြောက်ရွံ၊ ရှက်ရွံတတ်သော ကလေးငယ်အား လူမကြောက်အောင် ကျောင်းကပွဲ၊ ကျောင်းတွင်း activities များတွင် ဝင်ရောက် စေခြင်း၊ မိဘများက အားပေး၍ အခြားသော သင်တန်းများ (ပန်းချီသင်တန်း) စသည်တို့တွင် ထားပေးခြင်းကြောင့် လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ကြောက်ရွံစိတ်နည်းလာပြီး ကိုယ့်ကိုကိုယ် ယုံကြည်သည့် ကလေးငယ်များအဖြစ် ပြောင်းလဲနိုင်ပါသည်။  


သင်တို့ကလေးငယ်တွေကို ချစ်တတ်ကြပါစေ။

Tuesday, June 26, 2012

ကျွန်မကိုယ် ကျွန်မ အထင်ကြီးတယ်

အော် .. ဒီနေ့လဲ ငါသွားရဦးမှာလား.. အိမ်က ဆန်ထည့်တဲ့ ဘူးထဲကြည့်လိုက်တော့လဲ ခေါက်ချရင်တောင် ဆန်တစ်စေ့ ထွက်မကျလာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတာလဲ အသားကျလှပေါ့.. မလုပ်ချင်သော်လဲ အစားတစ်လုပ်အတွက် ဘဝခါးခါးထဲ အပြောခံရလွန်းလို့ ရင်တောင် မနာနိုင်ရှာတော့ပါဘူး.. ကဲ သွားချေဦးမှ.. ကလေးတွေ အတွက် င့ါဘဝအတွက် လုပ်ချင်လဲလုပ် မလုပ်ချင်လုပ်ပါဘဲ...

ညနေ (၆) နာရီထိုးပြီဖြစ်သဖြင့် လက်ကျန် ဆန်လေးနဲ့ အိမ်မှာ ကျန်ခဲ့မဲ့ ကလေးတွေအတွက် ညစာထမင်းဟင်းချက်ရင်း နောက်တစ်နေ့ ဝမ်းစာအတွက် အလုပ်ဆင်းရန် ကျွန်မ ဗျာများနေရပါသည်။ အစစအရာရာ အကြီးမကို မှာရ .. အလှပြင်ရနဲ့ ဒီလိုနဲ့ ဒီအချိန်ရောက်တိုင်း ဗျာများရတဲ့ ကျွန်မ... ကျွန်မ အလုပ်အကိုင်ကတော့ ဘယ်သူကမှ အထင်ကြီးလေးစားစရာမရှိလဲ ကျွန်မကိုယ်ကျွန်မ အထင်ကြီးပါတယ်.. လူတကာရှေ့မှာ အစားတစ်လုပ်အတွက် ကပြရတဲ့ ကျွန်မ .. လူတကာပေါ့ အထူးသဖြင့် ယောက်ျားတွေရှေ့မှာလေ.. ကျွန်မအသက်မကြီးမငယ်နဲ့ အလှပြင်လို့ ဆတ်ကော့ လန်ကော့ လုပ်ပြပြီး ငွေရှာရပါတယ်.. ဒီလိုမှ မလုပ်ရင်လဲ ပညာမတတ်ခဲ့တဲ့ ကျွန်မ မုဆိုးမ ဖတဆိုးကလေးတွေအတွက် ဘာဆိုဘာမှ မလုပ်ပေးနိုင်ဘူးပေါ့.. ယောက်ျားများ အရက်သောက်နေကြတဲ့ ရီဝေဝေ မျက်လုံးတွေရှေ့မှာ ကျွန်မ မျက်ရည်မကျအောင်ထိန်းရင်း ဝမ်းစာရှာခဲ့တာ အခုဆို နေသားကြခဲ့ပြီလေ.. ဘယ်သူမှ ကျွန်မကို အထင်မကြီးပေမဲ့ .. ကျွန်မ ကလေးတွေကို ပညာသင်ပေးနိုင်လို့ ကျွန်မကိုယ် ကျွန်မ အထင်ကြီးပါတယ်.. အော် စဉ်းစားနေတာနဲ့ နောက်ကျတော့မှာပဲ.. ဆိုပြီး ကဗျာကယာ ကျွန်မစက်ဘီးလေးကို တွန်းလို့ တရုတ်တန်း လူစည်ကားရာသို့ ...

ဒီနေ့ သောကြာနေ့မို့ လူတော်တော်စည်တာပဲ.. လခထုတ်ရက်လဲ ဖြစ်တော့ လူတွေပိုလာနိုင်တာ ဖြစ်လောက်တယ်.. အင်း င့ါကိုဆုချမဲ့သူများရင် ကောင်းမှာပဲလေ.. သမီးအကြီးအတွက် စာအုပ်ဖိုးပေးရမှာလေး ပေးနိုင်ရင် ကောင်းမှာပဲ.. ပိုပိုလိုလိုလေး ရရင် ကုန်နေတဲ့ မိတ်ကပ်လေးလဲ ဝယ်ဦးမှ .. အသားရည်တွန့်နေတဲ့ မျက်နှာကို မိတ်ကပ်ခြယ်လို့ အသုံးတော်ခံရတဲ့ ကျွန်မဘဝအတွက် အလှပြင်ပစ္စည်းက မရှိမဖြစ်ပါဘဲ.. ကျွန်မအတွေးနဲ့ ကျွန်မ လျှောက်လာရင်း အလုပ်စလိုက်ပါတော့တယ်.... လေထဲမှာ ခပ်မြူးမြူး လွင့်လာတဲ့ သီချင်းသံနဲ့အတူ ကျွန်မရဲ့ မလှမပ ခန္ဓကိုယ်ကို စတင် လှုပ်ခါလိုက်ပါတယ်.. ဘီယာတစ်ခွက် ၅၀၀ နဲ့ ဘယ်နှစ်ခွက်မှန်းမသိ သောက်သုံးေုနကြတဲ့ လူတန်းစားတစ်ချို့ အတွက် သီချင်းတစ်ပုဒ်ကို ၅၀၀ ပေးရတာ များနေမလားဘဲ.. လူတစ်ချို့ရဲ့ လှောင်ရယ်သံ၊ လှောင်ပြုံးတွေကို မြင်တိုင်း ကျွန်မ နောက်က မှီခိုနေတဲ့ ကလေးတွေရဲ့ မျက်နှာကိုမြင်ယောက်ကြည့်ရင်း ကျွန်မ အားတင်းနေခဲ့တာ အခုဆို နှစ်တော်တော်ကြာပြီပဲ... တစ်ခါတစ်လေ လက်ဗလာနဲ့ အိမ်ပြန်ရတဲ့ ရက်တွေအတွက်လဲ ကျွန်မ စိတ်ဓာတ်မကျခဲ့ဘူး..

လူတွေရဲ့မျက်စိရှေ့မှာ ထင်ရတဲ့ ပေါ့ပျက်ပျက် မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာ တန်ဖိုးရှိတဲ့ မိသားစုလေးရှိတာကို သူတို့ကိုယ်ချင်းစာနိုင်မှာ မဟုတ်ပါဘူးလေ.. ကျွန်မကတော့ သူများတကာဆီက လိမ်ညာတောင်းစားတာ မဟုတ်လို့ ကျွန်မအလုပ်ကို ဂုဏ်ယူပါတယ်...အဲလိုတွေးနေရင်း နောက်နားဆီက အသံတစ်သံ

"ဟို အမကြီး ဒီဘက်ဝိုင်းကို သီချင်းလေးပုဒ်ကပြစမ်းပါ.. ခင်ဗျားကို ငါးထောင်ဆုချမယ်.."

အိုး င့ါ သမီးကြီးအတွက် စာအုပ်ဖိုးရပြီ.. ဆိုတဲ့ အတွေးနဲ့အတူ .. ကျွန်မ နောက်ထပ် တေးသွားတစ်ပုဒ် ဖွင့်လိုက်ကာ မြူးမြူးကြွကြွ စကနေပါပြီ.. ကျွန်မ အာရုံထဲမှာတော့ စာအုပ်ဖိုးရလို့ပြုံးပျော်နေမဲ့ သမီးမျက်နှာ နဲ့ တစ်ခါမှ ပြည့်အောင်မထည့်ဘူးသော ဆန်ထည့်သော ဘူးကလေး..

(ဒီဇာတ်လမ်းလေးကို ခင်မြတ် တရုတ်တန်းသွားရင်း တွေ့ခဲ့တဲ့ မိန်းမကြီးအကြောင်း ရေးထားတာပါ.. သူ့ကိုမြင်ပြီး သူ့နောက်ကွယ်က ရှိမဲ့ မိသားစုကို စာနာကြည့်တာပါ.. )

Thursday, June 21, 2012

ဘဝရဲ့ ချဉ် ငန် စပ် -၂

ဘဝရဲ့ ချဉ် ငန် စပ် -၂ 

ဘဝရဲ့ ချဉ်ငန်စပ် (၂) အဖြစ် အခက်အခဲတွေကြားက သွားလှူခဲ့ရတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်း ခရီးကိုရေးချင်ပါတယ်။ ဒီခရီးစဉ် ကို ကျွန်မနဲ့သိတဲ့ အစ်ကို တစ်ယောက် က စ စီစဉ်ပြီး ကျွန်မကို အလှူငွေကူခံပေးဖို့ အကူအညီတောင်းခဲ့ရာက စခဲ့တယ်ဆိုရမှာပေါ့။ အလှူငွေ ရှာယုံသက်သက်မဟုတ်ဘဲ သူတို့ ဘယ်လိုခံစားနေရသလဲဆိုတာကို သိချင်တာရယ်ကြောင့် လိုက်ခွင့်တောင်းခဲ့တယ်။ အဲအစ်ကိုကလဲ လိုက်လို့ ရနိုင်တယ်ဆိုတာနဲ့ ဒုက္ခရောက်နေရှာတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား မောင်နှမတွေဆီကို ဘယ်သူတားတား သွားဖို့ ဆုံးဖြတ်ခဲ့တယ်။
 

ခရီးစဉ်ကို စတင်စီစဉ်တာကတော့ ဇန်နဝါရီလောက်မှာပါ။ အလှူငွေတော်တော်များများ စုမိရင် ကျွန်မတို့ သွားဖို့ စီစဉ်မယ်လို့ ဆုံးဖြတ် ထားခဲ့ကြတယ်။ ဒီလိုနဲ့ကျွန်မသူဌေးကို ခွင့်တောင်းပြီး အလှူခံကြည့်တယ်။ သူဌေးက အလှူငွေ ဆယ်သိန်းထည့်ပေးတယ်။ သတိထားသွားဖို့လဲ ကျွန်မတို့ကို မှာလိုက်တယ်။ ဒီလိုနဲ့ ဆယ်သိန်းကျော်လောက် ရလာတဲ့အချိန်မှာ ကျွန်မတို့ ဖေဖော်ဝါရီလထဲကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပထမတုန်းကတော့ ကိုဒေးဗစ်နဲ့ကျွန်မနဲ့ မသီဆိုတဲ့အမပဲ သွားကြမလို့ပါဘဲ။ နောက် ကျွန်မသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ မထိုက်နဲ့ နန်းညီတို့လဲ လိုက်ပါချင်တာကြောင့် ကျွန်မတို့ ငါးယောက် တူတူသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နန်းညီက အလှူငွေ ဆယ်သိန်း ထပ်ရှာပေးလို့ ပိုအဆင်ပြေသွားကြတယ်။ ငါးယောက်မှာ ယောက်ျားလေး တစ်ယောက်ထဲ ပါတယ်ရယ်ကြောင့် အားကိုးတကြီး အစ်ကိုတွေဖြစ်တဲ့ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ထူးတေဇာ တို့ကို လိုက်ဖို့ ခေါ်ပါသေးတယ်။ သူတို့လဲမအားလပ်တာရယ်ကြောင့်  နောက်ဆုံးတော့ ကျွန်မ၊ မသီ၊ ကိုဒေးဗစ်၊ မထိုက်နဲ့ နန်းညီတို့ချည်းပဲ သွားဖြစ်ခဲ့ပါတော့တယ်။ 

သွားကြတော့မယ်ဆိုတော့ ကျွန်မတို့ ဘာတွေလှူကြမလဲ။ အလှူငွေကိုဘာတွေ ဝယ်ကြမလဲ။ ဟိုရောက်မှ ဝယ်မလား။ အခုဝယ်ကြ မလား။ သူတို့အတွက် အဓိက ဘာတွေလိုနေလဲဆိုတာရယ် စုံစမ်းပြီးတော့ ရန်ကုန်ကနေ ခြင်ထောင် အလုံး ၁၀၀ ဝယ်သွားပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကျန်တဲ့ပိုက်ဆံတွေနဲ့ သူတို့လိုအပ်နေတဲ့ အမျိုးသမီးသုံးပစ္စည်း၊ ခေါက်ဆွဲခြောက်စတာ တွေကို မူဆယ်ကျမှပဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပြီးတော့ ကျွန်မတို့ တစ်ကိုယ်ရည် ဘာတွေလိုအပ်မလဲ။ ဘာတွေသယ်သွားရမလဲဆိုတာကို တိုင်ပင်ကြတယ်။ ကျွန်မတို့ခရီးစဉ်ကို မစခင် အချိန်ထဲကပဲ ကျွန်မတို့အားလုံး တက်ကြွနေကြပြီး စိတ်လှုပ်ရှားနေမိကြပါတယ်။ ခရီးစဉ်ကို အနည်းဆုံး တစ်ပတ်၊ ဆယ်ရက် သတ်မှတ်လိုက်ကြတယ်။ မူဆယ်မှာနေမယ်ဆိုတော့ သူငယ်ချင်းတွေကနေတစ်ဆင့် မူဆယ်က ဘုန်းကြီးကျောင်းမှာ နေဖို့ အကူအညီတောင်းရ၊ မူဆယ်မှာနေတဲ့ ကျွန်မသူငယ်ချင်း ဂျဲနီကိုလဲ လှမ်းဆက်သွယ်ရနဲ့ ကျွန်မတို့ တော်တော်ကို အလုပ်များခဲ့ကြပါတယ်။ ကျွန်မရဲ့ ငယ်သူငယ်ချင်းဖြစ်သူလဲ မူဆယ်မှာ အိမ်ထောင်ကျနေတာကြောင့် သူ့ကိုယ်လဲ အဆင်ပြေရင် တွေ့နိုင်တာမို့ ကျွန်မကတော့ သူများထက် ပိုစိတ်လှုပ်ရှားနေမိတာတော့ အမှန်ပါဘဲ။ 

မသွားခင်အထိ ကျွန်မတို့မှာ ဘယ်ကနေ ဘယ်လိုသွားမလဲဆိုတာလဲ မသိတာရယ် ဟိုဘက်နဲ့ အဆက်အသွယ်လုပ်ရတာလဲ ခက်တာရယ်ကြောင့် ကချင်ဒုက္ခသည်စခန်းကို မူဆယ်ကနေသွားရမယ် ဆိုတာရယ် မူဆယ်ကို ဟိုဘက်က တာဝန်ရှိသူတွေ လာကြိုမယ်ဆိုတာရယ်လောက်ပဲ သိခဲ့ရတယ်။ ဒီနေရာမှာ သေချာမစီစဉ်ဘူးဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ သိတဲ့အတိုင်း တရုတ်ပြည်ဖုန်းကို အင်တာနက်ကနေ ခေါ်ရတာဆိုတော့ မကြည်တစ်ချက် ကြည်တစ်ချက် ကြောင့်လဲ ပါတာပေါ့။ ကျွန်မကတော့ ကိုဒေးဗစ်ကို ယုံကြည်ပြီး လိုက်ခဲ့သလို ကျွန်မကို ယုံကြည်ပြီး လိုက်ခဲ့တဲ့ နန်းညီနဲ့ မထိုက်ကိုလဲ ကျေးဇူးတင်ရပါမယ်။ 

မူဆယ် ခရီးစဉ်ကို ဖေဖော်ဝါရီ ရဲ့ စနေမနက်ခင်းမှာ စတင်ခဲ့ပါတယ် … ကျွန်မတို့သူငယ်ချင်း ငါးယောက်လုံး စိတ်လှုပ်ရှားမှု ကိုယ်စီနဲ့ပေါ့… မူဆယ်ကို ရန်ကုန်ကနေ မန်းလေး၊ မန်းလေးမှ မူဆယ်ကို ကားပြောင်းစီး ရပါတယ် … ကျွန်မတို့ သူငယ်ချင်းတွေထဲမှာ ကျွန်မက နည်းနည်း ဒူပေ ဒါပေ ခံနိုင်တယ်လို့ပဲပြောမလား မသိဘူး… ကားစီးရင် မမူးတတ်တာကိုပဲ ကျေးဇူးတင်ရမယ်။ ဒါပေမဲ့လဲ ညစာစားပြီးမှ မူဆယ်ရဲ့ တောင်တက်လမ်းတွေကို ကားနဲ့တက် ရတာမို့ နည်းနည်းစိုးရိမ်ပြီး အစားတောင် သိပ်မစားရဲခဲ့ပါဘူး။ မနက်စောစော မူဆယ်မြို့ကိုဝင်တော့ ကျွန်မတို့တည်းမဲ့ တည်းခိုခန်းကို ရောက်တာနဲ့ ကားကို နာရီ (၂၀) လောက် စီးလာတဲ့ ကျွန်မတို့တစ်တွေ ရေမိုးချိုး ခဏ အနားယူကြပါတယ်။ ပြီးတော့ ကျွန်မရဲ့ မူဆယ်မှာရှိတဲ့ သူငယ်ချင်းကို ဆက်သွယ်ပါတယ်။ တစ်ခါမှ မရောက်ဖူးတဲ့နေရာမှာ အသိရှိတာ ကောင်းခြင်းတစ်မျိုးပဲလေ။ ကျွန်မသူငယ်ချင်းမက ကျွန်မတို့ကို တရုတ်ငွေလဲဖို့ကူညီပေးပြီး ရွှေလီ ကို ဈေးဝယ်ထွက်ဖို့  လိုက်ပို့ပေးပါတယ်။  

ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ကျွန်မတို့ ရွှေလီကို ထွက်လာခဲ့ကြတယ်။ ရွှေလီ မရောက်ခင် ကြယ်ခေါင်ကို အရင်ဖြတ်ရပါတယ်။ အဲမှာ မူဆယ်နဲ့တံတိုင်းသာခြားတဲ့ တရုတ်ပြည်နယ်စပ် ကြယ်ခေါင်ကို စရောက်တာနဲ့ အရမ်းကို ကွာခြားသွားတာ တွေ့ကြုံရတယ်။ လမ်းတွေက သာယာလိုက်ပါဘိ။ အရင်က ကြယ်ခေါင်ဟာ မြန်မာပိုင်မြို့ဖြစ်ခဲ့တယ် .. အခုတော့ တရုတ်ပိုင်မြို့ဖြစ် သွားပြီပေါ့လေ။ တရုတ်ပြည်မှာ ကျွန်မတို့ တက္ကစီဆင်းရင် ဘယ်သွားသွား တရုတ်ငွေ တစ်ယောက် (၅) ကျပ်လောက်ပဲကျပါတယ်။ တရုတ်ငွေ တစ်ကျပ်ကို မြန်မာကျပ် တစ်ရာကျော်ကျော်လောက်ပဲရှိတာမို့ တော်တော် တန်တယ် ပြောရမှာပါဘဲ။ အဲဒီမှာ ကျွန်မတို့ ရခဲ့တဲ့ အတွေ့အကြုံကတော့ တရုတ်ပြည်က အိမ်သာ တွေက တံခါးတွေ မပါဘူးရှင့်။ ကျွန်မသူငယ်ချင်းပြောတာကတော့ တရုတ်ပြည် က လူတစ်ချို့က အိမ်သာထဲမှာ စာအုပ်ထိုင်ဖတ်ပြီး အချိန်ဖြုန်းတတ်ကျလွန်းလို့တဲ့လေ။ ရှက်တတ်ရင် သတင်းစာမျက်နှာဖုံး တက်ပါတဲ့။ မှတ်သားဖွယ်ပါဘဲ။ မြန်မာပြည်က အလုပ်ရှင် တွေ အကြိုက်ပါဘဲ။ အိမ်သာထဲ အချိန်ဖြုန်းတဲ့ ဝန်ထမ်းလျော့ချနိုင်တာပေါ့။ 

ဒီလိုနဲ့ မူဆယ်မှာ တနင်္ဂနွေတစ်ညအိပ်ကာ စခန်းက တာဝန်ရှိတဲ့လူတွေ လာခေါ်မဲ့ တနင်္လာနေ့ကို ရောက်လာခဲ့ပါတယ်။ ကျွန်မတို့ အားလုံး အထုပ်အပိုးတွေ ကိုယ်စီနဲ့ လာခေါ်မဲ့လူတွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြတယ်။ နောက်တော့ အန်တီကြီး တစ်ယောက်၊ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်လာခေါ်ပါတယ်။ ကျွန်မတို့ကို လာခေါ်တာဖြစ်ကြောင်း။ မမေရီအောင် အစည်းအဝေးရှိတာကြောင့် သူ့ကိုယ်စား လွှတ်လိုက်တာဖြစ်ကြောင်း၊ သူတို့ကားကိုရွှေလီဘက်မှာ ရပ်ထားကြောင်း ရှင်းပြပါတယ်။ ဒါနဲ့ ကျွန်မတို့ရဲ့ ကူညီမှုခရီးစဉ် စတင်လာပါပြီ။ 


ပထမနေ့                                                                                         
ကျွန်မတို့ သွားတဲ့ စခန်းက လွိုင်းရင်းနဲ့ လွယ်ကျယ် နယ်စပ်ရောက်တော့ နေ့လည်လောက်ဖြစ်နေပြီ။ ကျွန်မတို့စတွေ့လိုက်ရတာကတော့ ကလေးတွေ အများကြီးကိုပါဘဲ။ အို ဘုစုခရု စုံလို့ပါဘဲ။ ကလေးလေးတွေရဲ့ ဖြူစင်အပြစ်ကင်းတဲ့ မျက်နှာလေးတွေမှာ နှစ်ချီးလေးတွေ ဖုန်တွေ ပေတူးလို့ပေါ့။ သူတို့ခမျာ ဘယ်အချိန် ဘယ်ဌာနေကိုယ် ပြန်ရမယ်မှန်းမသိပေမဲ့လဲ ဒီစခန်းက အခုဆို သူတို့အတွက် နေသားကျနေတဲ့ပုံစံလေးပါဘဲ။ 

ကျွန်မတို့လဲ ဝယ်လာတဲ့ ပစ္စည်းတွေကို အရင်ဆုံး နေရာချထားလိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့နဲ့ အတူတူနေမဲ့ဆရာမလေးနဲ့မိတ်ဆက်ပေးပါတယ်။ သူကတော့ ကျွန်မတို့ကို လာကြိုတုန်းက ပါခဲ့တဲ့ ဆရာမ အားပန်ပါ။ ပြီးတော့ ဆွမ်လွတ်ထုနန်ဆိုတဲ့ အဒေါ်တစ်ယောက်နဲ့လဲ ထပ်သိရပါတယ်။ သူက ကျွန်မတို့ နေဖို့ စီစဉ်ပေးထားကြောင်း မနက်ဖြန် စခန်းအသီးသီးက ခေါင်းဆောင်တွေနဲ့ အစည်းအဝေးလေးတစ်ခုလုပ် ကျွန်မတို့ နေရမဲ့ နေရာလေးကို ခင်းကျင်းကြတာပေါ့။ ကျွန်မတို့ ခဏနားပြီးတော့ ညနေဘက် အနီးအနားက စခန်းတွေကို သွားလေ့လာလိုက်ပါသေးတယ်။ အဲစခန်းကတော့ ကျွန်မတို့ မြွိစ်ရွန်းစခန်းလို ဆောက်ထားတဲ့ စခန်းမဟုတ်ပါဘူး။ စက်ရုံ တို့ အဆောက်အအုံအပျက်တို့မှာ ခေတ္တခဏ စခန်းလုပ်ထားတာပါ။ အဲမှာ ဒေသခံအချို့နဲ့ စကားတွေ ပြောခဲ့ကြပါတယ်။ တစ်ခြားစခန်းတွေက နည်းနည်းဝေးတာကြောင့် ကျွန်မတို့ နောက်နေ့မှ သွားဖို့ စီစဉ်လိုက်ပါတယ်။  

အဲညက တရုတ်ပြည်ရဲ့ ဆောင်းညကို စောင်အထပ်ထပ်ချုံလို့ ဖြတ်သန်းခဲ့ပါတယ်.. တကယ့်ကိုယ်ချမ်းတဲ့ အရသာကို ခံစားရပါတယ်။ ဒီလိုနဲ့ပထမညကို ဖြတ်သန်းခဲ့ပါတယ်။
ဆက်ရန်-

(မှတ်ချက် ။ ဒီခရီးစဉ်အကြောင်းကို ပထမတော့ မရေးဘူးစဉ်းစားထားခဲ့ပေမဲ့ ကချင်ပြည်နယ် စစ်ဖြစ်တဲ့ တစ်နှစ်ပြည့်နေ့မှာပဲ ကချင်ပြည်နယ်က စစ်ဘေးသင့်ခံရတဲ့ ကလေးလေးတွေအတွက် ကျောင်းစရိတ် လိုတယ်လို့ မမေရီအောင်က ပြောတဲ့အတွက် ကိုယ်တွေ သွားခဲ့တာလေးတွေ ကို ရှဲပြီး ကုသိုလ်ယူစေချင်လို့ပါ)

Tuesday, June 19, 2012

တနင်္ဂနွေထဲက တနင်္ဂနွေ



ကျွန်မဘဝရဲ့တော်တော်များများ တနင်္ဂနွေတိုင်းဟာ ကျွန်မအရမ်းကို ဝါသနာပါတဲ့ လူမှုရေး လုပ်ငန်းတွေကိုလုပ်ပြီး ကုန်ဆုံးလေ့ရှိပါ တယ်။ အဲလိုမှမဟုတ်ရင်တော့ ကျွန်မချစ်ခင် သူများကို အချိန်ပေးတွေ့နိုင်အောင် ကြိုးစားတယ်။ ဒီတနင်္ဂနွေများစွာထဲက ကျွန်မ အတွက် အမှတ်တရဖြစ်စေမဲ့ တနင်္ဂနွေအချို့ ကို ကျွန်မ ပြောပြချင်ပါတယ်။
ဒီတနင်္ဂနွေမှာတော့ ကျွန်မတို့ မြရိပ်ညိုဖောင်ဒေးရှင်းနဲ့ ကျွန်မသူငယ်ချင်းတွေရဲ့အဖွဲ့လေးဖြစ်တဲ့ Myanmar ICT for Development အဖွဲ့တို့ ပူးပေါင်းပြီး ကော့မှူးမြို့က ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စာသွားသင်ကြပါတယ်။ ကျွန်မနဲ့ ကျွန်မရဲ့ သူငယ်ချင်းပဲဆိုဆို အစ်မပဲပြောပြော ခင်မင်ရတဲ့ အစ်မနဲ့ ကျွန်မတို့ နှစ်ယောက်သွားသင်ကြပါတယ်။

ကျွန်မတို့ ဒီသင်တန်းကို သင်ဖို့ အခက်အခဲတွေ တော်တော်ကြုံရတယ်လို့ ပြောရင်မမှားပါဘူး။ သင်တန်းစဖွင့်တဲ့နေ့က ပွဲတစ်ပွဲနဲ့ တိုက်ဆိုင်နေတာရယ် မီးမလာတာရယ်ကြောင့် ကျွန်မတို့ ရွာလှည့် မီးစက်ရှာဖွေပြီး နောက်ဆုံး ဘုန်းကြီးကျောင်းက မီးစက်ကိုပဲ ပြန်ပြင်မယ် ဆီထည့်ပြီး သင်ကြမယ်ဆိုပြီး ဆုံးဖြတ်ပြီး ပြန်လာခဲ့ကြတယ်။ ကျွန်မတို့ နှစ်ယောက်ကလဲ ဒီသင်တန်းကို ဖွင့်ဖို့ စိတ်အားထက်သန်တာကြောင့် ရနိုင်သမျှ နည်းလမ်းတွေကို ကြိုးစားခဲ့ရတာပေါ့။ နောက်ဆုံးတော့ မီးစက်အဆင်ပြေမည့်အချိန်မှ ပြန်လာပြီးတစ်ပတ်တိတိ သင်ကြားမယ်ဆိုပြီး ပြန်လာခဲ့ကြပါတယ်။ 

ဒီလိုနဲ့မီးစက်အဆင်ပြေတဲ့နေ့မှာ ကျွန်မတို့ရဲ့ သင်တန်းလေးကို စတင်သင်ကြားနိုင်ပါတော့တယ်။ သင်တန်းသား (၁၄) ယောက်အတွက် ကွန်ပျူတာ (၅)လုံးပဲ ရှိတာကြောင့် ကျွန်မတို့ သယ်လာတဲ့ လယ်တောလေးတွေနဲ့ သင်တန်းသား (၇)ယောက်ကို နှစ်ကြိမ်စီ ခွဲသင်ရန် ဆုံးဖြတ်လိုက်ပါတယ်။ ရောက်ရောက်ခြင်းနေ့ မနက်မှာ အလွန်ပူတယ်ရယ်ကြောင့် ဒုတိယအချိန်ရဲ့ ပထမအစကို ထူးထူးခြားခြား ဖြစ်အောင် သရက်ပင်ကြီးရဲ့အောက်က ကွပ်ပျစ်လေးမှာ ICT အကြောင်း မိတ်ဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ ညနေဘက်မှာ မိုးရွာတော့လဲ မထိုက်တစ်ယောက် မိုးသံကို အုပ်မိအောင်မနည်းကို ကြိုးစားသင်ယူရတယ်။ ကျွန်မကတော့ ပထမတစ်ရက် နှစ်ရက်မှာ သိပ်လုပ်စရာ မရှိပါဘူး။ မထိုက်ရဲ့ သင်ပုံကိုကြည့်ပြီး သဘောကျမိပါသေးတယ်။ အိုင်စီတီကို စိမ်းနေတဲ့လူတွေအတွက် လိုအပ်မယ်ထင်တဲ့ဟာတွေ ကို လွယ်ကူရိုးရှင်းတဲ့ ဥပမာလေးတွေနဲ့ သင်သွားနိုင်ပါတယ်။

ကွန်ပျူတာနဲ့ အလှမ်းဝေးလွန်းတဲ့ သူတို့လေးတွေ မှတ်မိအောင် ဥာဏ်နီဥာဏ်နက်ထုတ်  ဥပမာလေးတွေ ပေးပြီး သင်ရပါတယ်။ ဥပမာ- ဖိုင်တစ်ခုကို သိမ်းမယ်ဆိုရင် ပစ္စည်းတစ်ခုကို ဗီဒိုထဲ ထည့်သိမ်းရင် ဗီဒိုကို ဖွင့်ပြီးမှ သိမ်းလို့ရမှာမလား။ ဒါကြောင့် ဒီဖိုင်လေးကို ဖွင့်ပြီးမှ ကိုယ်သိမ်းချင်တဲ့ဟာကို ထည့်လို့ရမယ် စသဖြင့်ပေါ့။ ကျွန်မအတွက်တော့ အတွေ့အကြုံခပ်ကောင်းကောင်းပါဘဲ။ ကျွန်မအတွက် ဆရာမဖြစ်ရတာ မလွယ်ပါလားဆိုပြီး အမေ့ကို တောင် သတိရမိပါရဲ့။

သင်တန်းလုပ်တော့လဲ အခက်အခဲတစ်ချို့ကိုတွေ့ရပါတယ်။ မီးစက်က မိုးအရမ်းရွာရင်ပျက်လိုက်၊ မီးစက်ပျက်တဲ့အချိန် အလဟသမဖြစ်အောင် ကျွန်မတို့ ရဲ့ တပည့်လေးတွေနဲ့ ရင်းနှီးအောင် Team building အဖြစ် တွံတေးကို ဘုရားဖူးထွက်ဖြစ်ကြတယ်။ သူတို့လေးတွေရဲ့ ကြိုးစားချင်မှုတွေကို မြင်တွေ့ရတဲ့အခါ ဝမ်းသာရပါတယ်။ ညနေ မီးလာရင် အပြေးအလွှား လာကျင့်သူနဲ့၊ ထမင်းမစားဘူး ကွန်ပျူတာကျင့်မယ်ပဲပြောလို့ တစ်ခါတစ်လေ ကျွန်မတို့မှာ ဆရာမတို့ ထမင်းသွားစား၊ ရေချိုးပါရစေဟု တောင် ပြောယူရပါတယ်။ ကျွန်မအတွေးတောင် ဝင်မိပါတယ်။ မြို့ကလူတွေက အခွင့်အရေးတွေ လွယ်ကူစွာရနေလို့လား မသိပါဘူး။ သင်တန်းပြေးချင်တယ်။ သင်တန်းပြီးရင် ပြန်ဖို့စိတ်ပဲရှိပေမဲ့ ဒီကလေးတွေ ခမျာမှာတော့ မလိုက်နိုင်တာကလွဲလို့ အချိန်ရှိသမျှ ကြိုးစားပြီး  သင်ယူနေတာကိုတွေ့ရပါတယ်။ အဲလိုလေးတွေမြင်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပီတိက ဘာနဲ့မှ လဲနိုင်မယ်မထင်ပါဘူး။

ကျွန်မတို့သင်တန်းလုပ်နေစဉ်အတွင်း ထူးခြားဖြစ်စဉ်များကိုလဲ ခံစားရပါသေးတယ်။ သင်တန်း (၅) ရက်လောက်ဖြစ်လာတော့ ကျွန်မတို့ သူတို့လေးတွေနဲ့ တော်တော်ကို ရင်းနှီးလာပါတယ်။ မပြန်ချင်လောက်အောင်ပါဘဲ။ ပြန်ခါနီးရက်ကဆို ည (၉) နာရီလောက်ထိကို ကွန်ပျူတာလာကျင့်နေကြတုန်းပဲ။ ပြန်ခါနီး တပည့်တစ်ယောက် ခရုဟင်းလာပို့၊ တပည့်တွေက ဆရာမတွေနဲ့ လာစကားပြောနဲ့ မှတ်မှတ်ရရညလေးကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်မတို့ဆီက တစ်လသင်တန်းအထိ ယူချင်တယ်လို့ ပြောလာတော့ စဉ်းစားစရာတွေရှိလာပြန်တယ်။ အော် ပညာကို ပြန်ဝေမျှတာတောင် အခြေခံလိုအပ်ချက်တွေ မပြည့်စုံရှာတော့ ကျွန်မတို့အတွက် အခက်အခဲဖြစ်ရပါတယ်။ တစ်လလုံးသင်တန်းလုပ်ဖို့ ဆီဖိုးကျတော့လဲ မလွယ်လောက်ဘူးလေ။ အဲတော့ တပည့်လေးတွေကို ပြန်ပြောလိုက်ရပြန်တယ်။ မီးလာရင်တော့ ဆရာမတို့ ပြန်လာခဲ့မှာပါလို့လေ။

Monday, April 30, 2012

ဘဝရဲ့ ချဉ် ငန် စပ် (၁)


လူတိုင်းမှာ အခက်အခဲဆုံး အချိန်တွေ အမှတ်ရဆုံး အဖြစ်အပျက်တွေ ရှိခဲ့မှာပဲ။ အဲအချိန်တွေက ကိုယ့်ဘဝရဲ့ အမှတ်တရတွေ အတွေ့အကြုံတွေ အဖြစ်နဲ့ ပြောင်းလဲသွားကြတယ်။ အဲဒီအတွေ့အကြုံတွေကပဲ ခံနိုင်ရည်တွေ အင်အားသစ်တွေကို မွေးဖွားပေးခဲ့တယ်လို့ ဆိုရင်လဲ မှားမယ်မထင်ပါဘူး။ ကျွန်မကို ဘဝရဲ့ ချဉ် ငန် စပ် အရသာ ပြီးပြည့်စုံစေတဲ့ အတွေ့အကြုံတွေ ထဲက အတွေ့အကြုံတစ်ချို့ကို မျှဝေချင်လို့ ဘဝရဲ့ ချဉ်ငန်စပ် ဆိုတဲ့ ပို့စ်ကို အပိုင်းလိုက် တင်ဖို့အတွက် ဘဝရဲ့ ချဉ်ငန်စပ် (၁) ကို စရေးလိုက်ပါတယ်။ 

ဘဝရဲ့ ချဉ် ငန် စပ် (၁)
၂၀၁၁ ရဲ့ အေပရယ် သင်္ကြန်အပြီးမှာ စင်္ကာပူကို အလုပ်ရှာဖို့ ထွက်ခဲ့ပါတယ်.... အဲမှာ ရခဲ့တဲ့အတွေ့အကြုံတွေကတော့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်အောင် သင်ပေးခဲ့တယ်။ နိုင်ငံခြားကို တစ်ခါမှ မရောက်ဖူးတဲ့ ကျွန်မအတွက်တော့ စင်္ကာပူမှာ ဘယ်က နေ ဘယ်လိုစ အလုပ်ရှာရမှန်းမသိပါဘူး။ အလုပ် ရမှာ မရမှာထက် ကျောင်းတုန်းက သူငယ်ချင်းအချို့နဲ့ ပြန်တွေ့ရတော့မှာမို့ ပျော်နေမိတယ်။ ခင်တဲ့သူငယ်ချင်းတွေ အစ်ကိုတွေ အမတွေဆီက မေးမြန်းပြီး စမ်းတဝါးဝါးစခဲ့ရတယ်။ ကျွန်မအတွက် သူများထက် ကံကောင်းတာကတော့ အိမ်စရိတ်ကြီးတဲ့ စင်္ကာပူမှာ မောင်နှမလိုအရမ်းခင်ရတဲ့ အစ်ကိုနဲ့ အစ်မအိမ်မှာ တူတူနေရတာပဲ။ ကျွန်မအတွက် နေစရာ စားစရာ အစအစအရာရာ အဆင်ပြေတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ခင်သည် ကူညီသည်ဖြစ်စေ တကယ်တမ်း အလုပ်ရှာတဲ့ အခါမှာတော့ စင်္ကာပူမှာ သူများတကာကို အားကိုးနေခြင်းထက် ကိုယ့်ဘာသာ မကြိုးစားရင် အဆင်မပြေနိုင်ဘူးဆိုတာ သိခဲ့ရသလို  စင်္ကာပူမှာ အလုပ်လုပ်နေတဲ့လူတွေကို ကိုယ်ချင်းစာ နားလည်မိလာတယ်။ အလုပ်ချိန်မှာတောင် ဖုန်းနဲ့ပဲ အင်တာနက်သုံးခွင့်ရှိတာကို မသိတဲ့ လူတစ်ချို့ (ကျွန်မ ပါဝင်ဖူးတယ်) က မာနကြီးလိုက်တာ ပြန်တောင်မပြောဘူး။ ဂျီတော့က စိမ်းနေရဲ့သားနဲ့ဆိုပြီး အပြစ်တင်ဝေဖန်ကြတာကို အခုတော့ နားလည် ကိုယ်ချင်းစာမိလာတယ်။
ကျွန်မတို့ မြန်မာလူမျိုး အများစုအတွက် အခက်အခဲဆုံးအလုပ်ကတော့ ကိုယ့်ဘာသာကိုယ် အားကိုးတတ်ခြင်းဘဲလို့ ထင်ပါတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက်ဆို ရန်ကုန်မှာ ကတည်းက မိသားစုကို ခင်တွယ်လွန်းသူမို့ မြန်မာ မိသားစုထုံးစံအတိုင်း အရာရာ ဂရုစိုက်ခံခဲ့ရသူမို့ စင်္ကာပူရောက်တော့ ညတိုင်း သူငိုရ တယ်လို့ ဖွင့်ပြောခဲ့ဖူးတယ်။ စင်္ကာပူဖြစ်ဖြစ် တခြား ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အလုပ် ရှာတော့မယ်ဆိုရင်တော့ independent နဲ့ self –confidence ရှိအောင် နေဖို့က အရေးအကြီးဆုံးပဲလို့ ကျွန်မထင်မိတယ်။
အလုပ်အင်တာဗျူး တစ်နေ့ (၃) ခုလောက်ရဖို့အတွက် မနက် (၆) နာရီထပြီး seven-eleven မှာ သတင်းစာ ဝယ်ရပါတယ်။ ကိုယ်လျှောက်မယ် ရည်ရွယ်ထားတဲ့ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တွေ (ဥပမာ- Admin Assistant, Secretary) စတာတွေကို high light လုပ်၊ အီးမေးလ်နဲ့ပို့ လျှောက်ရမဲ့အလုပ်တွေကိုအရင်ဆုံး လျှောက်ပါတယ်။ ဘာလို့လဲဆိုတော့ Inbox ထဲကို အရင်ဆုံးဝင်တဲ့ လျှောက်လွှာတွေကိုယ်သာ ဦးစားပေးကြည့်တာမို့လို့ နောက်မကျရအောင်ပါ။ ဒါတောင်ကိုယ့်ထက် စောတဲ့လူတွေရှိနိုင်တာမို့ အတတ် နိုင်ဆုံး အစောဆုံးဖြစ်အောင် လျှောက်သင့်တာပါ။ ခင်မြတ်တို့ အိမ်နားက seven-eleven ကိုယ် သတင်းစာက ခြောက်နာရီအစောဆုံး ရောက်တာမို့လို့ ဒီထက်စောထလဲ မရဘူးဖြစ်နေတယ်။ အစ်မတစ်ယောက်ဆို မနက် ၅ နာရီလောက်ကတည်းက သတင်းစာ ဆင်းဝယ် တယ်ဆိုလားပဲ။ အီးမေးလ်နဲ့အလုပ်လျှောက်ပြီးပြီဆိုရင်တော့ ဖုန်းအင်တာဗျူးမှန်သမျှကို လိုက်ဆက်ရပါတော့တယ်။ စစချင်း အလုပ် လျှောက်တုန်းကဆိုရင် ဖုန်းတစ်ခါဆက်ရမှာကို စိတ်ထဲတစ်မျိုးကြီး။ တစ်ခါမှ မြန်မာပြည်မှာ ဖုန်းအင်တာဗျူးမလုပ်ဖူးတဲ့ အတွက် ဒီအကျင့်ရဖို့ အတွက် ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ငါဆက်ကိုဆက်ရမယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့ရတယ်။ အဲလို မနက်စောစော အလုပ် ထလျှောက်လို့ (၁၂) မထိုးခင် အင်တာဗျူး (၃)ခုလောက်ရရင် ထပ်မဆက်တော့ဘဲ အင်တာဗျူးသွားမဲ့နေရာတွေကို google map မှာရှာ ဘယ် MRT နဲ့ bus number ဘယ်လောက်စီးရမလဲဆိုတာတွေမှတ်ရတယ်။ ပြီးမှ ရေမိုးအမြန်ချိုးပြီး အင်တာဗျူးမဲ့နေရာတွေကို သွားရတယ်။ မြန်မာပြည်မှာ တစ်ခါမှ အင်တာဗျူးကို မကြောက်ခဲ့သလို အင်တာဗျူးကြောင့် စိတ်ဓာတ်မကျခဲ့ဖူးတာတောင် သူများနိုင်ငံမှာတော်တော်ကို စိတ်ဓာတ်ကျခဲ့ဖူး တယ်။ ဖုန်းတစ်ခါဆက်တိုင်း ကိုယ့်အရည်အချင်းကို သူတို့သဘောကျပြီး ဟုတ်ပြီ Singaporian လားလို့မေးတဲ့အခါ မဟုတ်ပါဘူး။ ငါ မြန်မာကပါ။ ဆိုတာနဲ့ ဆောရီးပါ ငါတို့က စင်္ကာပူနိုင်ငံသားပဲလိုချင်တာ။ (သို့) ငါတို့ဆီမှာ လူပြည့်သွားလို့ပါ.. စတဲ့ ဆင်ခြင်အမျိုးမျိုးကို ပေးခံခဲ့ရတယ်။
ခင်မြတ်သွားတဲ့အချိန်က မကောင်းတဲ့အချိန်ပါဘဲ။ သူတို့က ပြည်ပအလုပ်သမားဥပဒေတွေကို ပြင်နေတဲ့အချိန်ပေါ့။ အလုပ် လျှောက်ရလဲ အင်မတန်မှ ခက်တဲ့အချိန်ပါဘဲ။ မြန်မာဆိုတာနဲ့ကို ငါတို့မလိုဘူးဆိုတာတွေရယ်။ သူတို့နိုင်ငံသားကိုပေးတဲ့ လခထက် လျော့ပေးချင်တာတွေရယ် တော်တော်ကို စိတ်ပျက်စရာကောင်းတာပါ။ တစ်ချို့အလုပ်တူတူလာရှာတဲ့ သူငယ်ချင်းအချို့ဆိုရင် အင်တာဗျူးတောင်မရဘူးတဲ့။ ကိုယ်ကတော့ ကံကောင်းတာလား မသိဘူး။ တစ်နေ့ကို အင်တာဗျူး ၂ ခုတော့ အနည်းဆုံးရပါရဲ့။ ဒါပေမဲ့ ဘာအကြောင်းမှ မပြန်တာမို့ အင်တာဗျူးအတွက် သွားလိုက်ရတဲ့ စရိတ်တွေကို နှမြောမိပါရဲ့။ နောက်တော့ သိသွားပါတယ်။ အင်တာဗျူးမေးရင် ဘယ်လောက်နေဖို့ကျန်သေးလဲဆိုရင် ပြန်ခါနီးပြီပဲပြောမှ သူတို့က အလေးထားတော့တယ်။ အင်းပေါ့လေ သူတို့ နိုင်ငံမှာ ကိုယ်တွေက အလုပ်လုပ်ချင်တဲ့လူဆိုတော့ အရာရာကို ငြင်းဆိုပိုင်ခွင့်တောင် မရှိတော့ဘူး။ သူတို့ဘာပြောပြော လုပ်နိုင်ပါတယ်။ ငါက အကုန်အဆင်ပြေတယ်ဆိုတာကြီးပဲ။ မြန်မာ အများစုက ရောက်ပြီးမှ မပြန်ချင်တာကြောင့် ပြောတာများပါတယ်။ ဒါကြောင့်မို့ အလေးမထားချင်ကြသလား မသိပါဘူး။ မှတ်မှတ်ရရ ကိုယ်က အဲအလုပ်ကို (working environment) မကြိုက်လို့ သူဌေးနဲ့ အင်တာဗျူးတဲ့အခါ မရလဲနေဆိုတဲ့ စိတ်နဲ့ ပေါ့ပေါ့ပါးပါးဖြေတဲ့ အလုပ်တွေ က ခန့်တယ်။ ဒါပေမဲ့ အလုပ်ချိန်တွေက တစ်နေ့ (၁၂) နာရီ။ လုပ်ရမှာက နံစော်နေတဲ့ warehouse လိုဟာမျိုးတွေ အဓိကကတော့ သူတို့လူမျိုးမလုပ်ချင်တဲ့နေရာတွေမှာပေါ့။
ဒီလိုနဲ့ pass နှစ်လပြည့်ခါနီးမှာ အလုပ်တွေ ရွေးရခက်အောင် တစ်ခုပြီးတစ်ခု ရလာပါတော့တယ်။ spass တင်ဖို့က အလုပ်တစ်ခုထဲ ရွေးရမှာရယ် သက်တမ်းတိုးဖို့ကလဲ တအားကို ကပ်နေတာရယ်နဲ့ တော်တော်ကို အကျပ်ရိုက်တဲ့ကာလပါဘဲ။ အဲမှာတင် အလုပ်တစ်ခု ကိုရွေးလိုက်ပြီး ပတ်စ်တင်လိုက်ပါတယ်။ ကံဆိုးချင်တော့ ကိုယ်တင်တဲ့နေ့က မေ (၃၁) မှာ MOM’s web site က ပြင်ဆင်နေတယ်ဆို မတင်ရဘူး။ နောက်နေ့ ဇူလိုင် (၁) ရက်နေ့မှာ MOM web site က ပြန်ဖွင့်ပေမဲ့ ပြည်ပအလုပ်သမားဥပဒေတွေ ပြောင်းလိုက်လို့ ဘယ်အချက်နဲ့ မညီလဲတော့မသိဘူး Spass Reject တဲ့။ ဒါနဲ့အဲနေ့က တော်တော် စိတ်ဓာတ်ကျပြီး ဘာလုပ်ရမှန်းမသိတာရယ်၊ အိမ်က လဲ ပြန်လာလို့ ပြောတာရယ်နဲ့ အရင်က ကမ်းလှမ်းထားတဲ့အလုပ်ကို လက်ခံပြီး ပြည်တော်ပြန်ပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ “ဒါကောင်းဖို့ ဖြစ်လာတာပါ” ဆိုတဲ့ ပုံပြင်လိုပဲ ဒီမှာအလုပ်မရလဲ ကိုယ့်နိုင်ငံမှာ လစာကောင်းတဲ့အလုပ်ရှိတာပဲဆိုပြီး စိတ်ဖြေလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံရောက်ရင် သူတစ်ပါးကို အားကိုးတာထက် ကိုယ့်ဘာသာသာ အားကိုးဖို့ အလိုအပ်ဆုံးဆိုတာ သိခဲ့ရတယ်။ အတွေ့အကြုံတွေက ပိုပြီး ရင့်ကျက်စေခဲ့တယ်။
စင်္ကာပူမှာ ရခဲ့တဲ့အတွေ့အကြုံတွေကြောင့် အနည်းဆုံးတော့ ကိုယ့်ဘာသာ အားကိုးတတ်လာတယ်။ နေရာတိုင်းမှာ အင်္ဂလိပ်လိုပဲ ကြားနေရတဲ့ သူစိမ်း တိုင်းပြည်မှာ ဘယ်လိုတွေ သွားရ လာရတယ်ဆိုတာကို သိလာတယ်။ ရုပ်ရှင်လက်မှတ် ဝယ်တာကအစ ဘယ်လိုစနစ်တွေ ကျင့်သုံးလဲဆိုတာ လေ့လာလို့ရတယ်။ ပိုပြီးရင့်ကျက်လာတယ်။ နောင်ဘယ်နေရာကိုပဲ ဖြစ်ဖြစ် တစ်ယောက်ထဲသွားတဲ့အခါ အဲဒီအတွေ့အကြုံတွေက အကောင်းဆုံး သင်ခန်းစာဖြစ်ခဲ့တယ်။ အဲလိုအတွေ့အကြုံ တွေကလဲ ဘဝရဲ့ ချဉ် ငန် စပ် အရသာ တစ်ခုပဲ မဟုတ်လား။