MOSN ရဲ့ပထမဆုံး အဖွဲ့စတင်ဖွဲ့စည်းခြင်း အထိမ်းအမှတ်လေး အဖြစ် အလှူအတန်းလေး လုပ်မယ်ဆိုတော့ ခင်မြတ်တစ်ယောက် စိတ်ပူမိတယ်။ ဟိုဟာ စီစဉ်ရ ဒီဟာစီစဉ်ရနဲ့ လိုအပ်သွားမှာ မပြည့်စုံမှာကို ကြောက်ခဲ့ ရတယ်။ အလှူမလှူခင် TOP CHOICE ပိုင်ရှင် ကိုမိုးထိုက်က စိတ်ဝင်စားတယ်ဆိုတာနဲ့ အဖွဲ့ရဲ့ လှူမည့် ပုံစံ အကြောင်းကို စနေနေ့မှ သွားရှင်းပြခဲ့တယ်။ ခင်မြတ် ဆီရောက်လာတဲ့ အလှူငွေ နှစ်သိန်းထဲကနေ တစ်သိန်းကျော်ဖိုးကို ဗလာစာအုပ် ဒါဇင် ၁၀၀ ကို ကိုမိုးထိုက်ဆီကပဲ ဝယ်ခဲ့ပါတယ်။ သူကိုယ်တိုင်လဲ ၁၅ ဒါဇင် လှူဒါန်းခဲ့တယ်။ နောက်လဲ လိုအပ်တဲ့ အကူအညီလိုရင် သူ့ဆီကို ပြောပါလို့ ပြောခဲ့ပါတယ်။
စနေနေ့က ငွေစာရင်းတွေလုပ်ရ၊ ပစ္စည်းဝယ်ရနဲ့ ခင်မြတ် ညမှ အိမ်ပြန်ရောက်တယ်။ ညရောက်တော့လဲ မနက်ဖြန် ပေးထားတဲ့လူစာရင်း များတော့ ရပါ့မလား ဆိုပြီး စိတ်ပူပြီး အိပ်မပျော်ခဲ့ပြန်ဘူး။ ခင်မြတ်ကို ကားလိုရင် အကူအညီပေးပါ မယ်ဆိုပြီး ကိုအောင်အောင် ဖုန်းဆက်ထားတော့ စိတ်နည်းနည်းချရတယ်။ မနက်ရောက်တော့ မိုးသံကြောင့် နိုးလာရင်း စာအုပ်တွေတော့ ရေစိုတော့မှာပဲ ဆိုပြီး စိတ်ပူပူနဲ့ပေါ့။ မေမေကလဲ ခင်မြတ်ကြောင့် မနေရပါဘူး။ အိမ်နားက ကားကို ငှားသွားမလား သမီး။ မေမေလိုက်ပြောပေးမယ်ဆိုပြီး
။ လူက အဓိကမဟုတ်ဘူးလေ.. ပစ္စည်းတွေက အဓိက ဖြစ်နေတော့။ နောက်တော့ ကိုအောင်အောင်ကို သတိရသွားပြီး ဖုန်းလှမ်းဆက်ရတယ်။ မနက် စောစောစီးစီး ၇ နာရီကတည်းက အားနာနာနဲ့ ဆက်ပြီး အကူအညီတောင်းရတော့တာပဲ။ ကျွန်တော် လာခဲ့မယ်လို့ ကိုအောင်အောင် ပြောမှ သက်ပြင်းချ နိုင်တယ်။မနက်ကို ၈ နာရီ မထိုးခင်ကတည်းက ခင်မြတ် ရုံးကိုရောက်နှင့်နေတယ်။ စိတ်ကလဲ ပူနေတယ်လေ။ မိုးတွေရွာတော့ လူတွေမှ လာပါ့မလားဆိုပြီး အဲဒီအချိန်မှာ MOSN က ကိုသက်တစ်ယောက် အစောကြီး ရောက်လာတယ်။ သူက ဝိုင်းကူ နောက် မကေခိုင်တို့ လဲ့လဲ့တို့ ယောက်လာတယ်။ ၈ နာရီခွဲတဲ့အထိ လူက သိပ်မလာသေးဘူး. ၉ နာရီ ထိုးခါနီးတော့ တဖွဲဖွဲရောက်လာတော့မှ ပျော်သွားတော့တယ်။ ကိုအောင်အောင်ကားလဲရောက်တော့ ပစ္စည်းတွေတင်နဲ့ ရုံးက ကားနှစ်စီး၊ နောက် ကိုဇင်လင်းဇော်နဲ့ ကိုကျော်ဇေယျကား တို့နဲ့ စုစုပေါင်း ကား ငါးစီးနဲ့ ထွက်လာခဲ့ကြတယ်။ မအေးမြင့်ခိုင်ကားကို တော့ OCEAN မှာ ရပ်ထားခဲ့ပြီး ကိုကျော်ဇေယျနဲ့ တူတူလိုက်ခဲ့တယ်။ လပြည့်ဝန်းက စထွက်ခဲ့တာက ၉ နာရီ ၄၅ လောက်၊ ကိုးမိုင်က ထွက်တော့ ၁၀ နာရီ ၁၀ မိနစ်ရှိနေပြီ။ ခရေပင်လမ်းခွဲရောက်တော့ ကျောင်းက အပြင်ကို ပြန်ထွက်ရတာ ဝေးတာမို့လို့ အဖွဲ့ဝင်တွေ မုန့်ဆင်းစားကြ၊ မုန့်ဝယ်ကြပေါ့။ မအေးမြင့်ခိုင်က အဖွဲ့ဝင်တွေအတွက် ပေါင်မုန့်တွေဝယ်ပေးတယ်။ ကိုသက်က ရေဘူးတွေ ဝယ်ပေးတယ်။ တကယ်ကို အားရစရာပဲ.. အဖွဲ့ဝင်တွေက အချင်းချင်း ရိုင်းပင်းကြတယ်။
မုန့်ဆိုင်ကနေ ၁၁ နာရီလောက်ထွက်ခဲ့တယ်။ ဟိုကိုရောက်တော့ လမ်းက ကျော်သွားလို့ နောက်ပြန်လှည့်ရသေးတယ်။ လမ်းထိပ်မှာ မြသိင်္ဂီက မသူဇာ လာစောင့်ပေးနေလို့ ကျေးဇူးတင်ရတယ်။ လမ်းတစ်ဝက်လောက်ကျတော့ ရေတွေနဲ့ ကားတွေ သွားလို့မရလို့ လူတွေ ရေကူးသွားရတော့တာပဲ။ မိုးကိုတောင် ကျေးဇူးတင်မိတယ်။ အဆိုးထဲက အကောင်း ရလိုက်တာကတော့ အဖွဲ့ဝင်အချင်းချင်း ရင်းနှီးသွားကြတာပါဘဲ။ မိုးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းရင်း သွားခဲ့ကြတယ်။ ခင်မြတ် ဖိနပ် ဗွက်ထဲနစ်သွားလို့ ကိုကျော်ဇေယျ ပြန်ရှာပေးရတယ်။ ခင်မြတ် သူငယ်ချင်းတစ်ယောက်က ခြေထောက်ကွဲသွားတယ်။ စာအုပ်တွေ၊ ပစ္စည်းတွေကို ကိုရင်လေးတွေ မယ်သီလရှင်လေးတွေနဲ့ MOSN က လူငယ်တွေ ဝိုင်းသယ်ကြတာပေါ့။
ကျောင်းရောက်တော့ ၁၂ နာရီလောက် ကျောင်းက ချက်ထားတဲ့ မုန့်ဟင်းခါးတွေကို အားရအောင် စားကြရတယ်။ ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ခင်မြတ်တို့ အဖွဲ့က လှူတဲ့စာရင်းတွေကို ဆရာမလေး မသူဇာနဲ့ ဝိုင်းလုပ်တယ်။ ပြီးတော့ အားလုံး လှူဒါန်းသမျှကို ဆရာကြီး ဒေါ်သီလဝတီကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ပစ္စည်းစာရင်းလေးကတော့ အပေါ်မှာတင်ထားတဲ့ အတိုင်းပါဘဲ။ အားလုံး မေတ္တာပို့ အမျှဝေပြီးတော့ MOSN အစည်းအဝေးလေးကို စတင်ခဲ့ပါတယ်။ ဦးသောင်းစုငြိမ်း အပေါ်မှာရှင်းပြခဲ့တဲ့ အတိုင်းပါဘဲ။
အလုပ်အမှုဆောင်တွေအနေနဲ့ လုပ်ဆောင်ပေးမည့်သူစာရင်းကတော့
၁) ဦးသောင်းစုငြိမ်း
၂) ကိုကျော်ဇေယျ
၃) မကေခိုင်
၎) ခင်မြတ်
၅) လဲ့လဲ့
၆) တင်မြတ်ထက်
၇) ကိုဇင်လင်းဇော်
၈) မအေးမြင့်ခိုင်
၉) ကိုသက်
၁၀) မဥမ္မာရည်
၁၁) မ Cathy
၁၂) မယုယုဇင်
၁၃) မသဇင်ခိုင် တို့ ဖြစ်ပါတယ်။
ဘယ်သူ ဘာတာဝန်ဆိုတာတော့ လောလောဆယ် မသတ်မှတ်ရသေးပါဘူးရှင်။
No comments:
Post a Comment