ဘာလိုလိုနဲ့ နာဂစ်ကြီးတောင် တစ်နှစ်ပြည့်ဖြစ်သွားပါရော.. ဒီလို မုန်တိုင်းကြီးကြောင့် အရင်နှစ်ဆို အသက် အိုးအိမ် စည်းစိမ်တွေ ပျက်လို့ မြန်မာပြည်မှာ ကမ္ဘာပျက်မတတ် ဖြစ်ခဲ့ဖူးတာ သတိရကြမှာပါ… အခုထိ ပြန်လည်ထူထောင်ရေးတွေ လုပ်နေဆဲ မပြီးသေးတဲ့ ကာလပါ… ပျက်တာက လွယ်တယ်.. ပြန်လည် ထူထောင်လုပ်ရတာ တကယ်မလွယ် လှပါဘူး.. အရင်နှစ်က နာဂစ်ကြောင့် လပွတ္တာကို ရောက်သွားခဲ့တယ်.. သူငယ်ချင်းတွေနဲ့ ပင်ပင်ပန်းပန်း သွားလှူခဲ့တာ ခုထိ မမေ့နိုင်သေးဘူး… အခု တစ်နှစ်ပြည့်မှာ ရုံးက အလုပ်ကြောင့် ဒေးဒရဲကို ရောက်ခဲ့ရပြန်တာပေါ့….
သွားမယ်ဆိုတော့ Online Donation အဖွဲ့နဲ့ပဲ လိုက်သွားမယ်လို့ ကိုခရုကိုပြောကြည့်တယ်.. အဆင်ပြေတာနဲ့ လိုက်သွားမယ်ပေါ့… ထင်တာက မနက် ၆ နာရီလောက်မှ သွားမယ်ထင်တာ… ဖြစ်ချင်တော့ မနက် သုံး နာရီတဲ့.. အိမ်ကနေ အဲဒီအချိန်မှ ကားငှားလို့ မဖြစ်.. ဒါနဲ့ပဲ ရုံးမှာ ညသွားအိပ်ရပါရော.. မနက်သုံးနာရီဆိုတော့ မအိပ်ချင်တော့ဘူး.. အိပ်လည်း မအိပ်တတ်ဘူး.. ခုံပေါ်မှာ ဒါနဲ့ပဲ အခွေထိုင် ကြည့်လိုက်တယ်.. ကြည့်တာက သရဲကား.. အဲဒါနဲ့ နှစ်နာရီထိုးသွားတယ်.. သွားရမှာလည်း တစ်ယောက်တည်းဖြစ်နေတာနဲ့ သူငယ်ချင်းလေးကို လိုက်ခိုင်းရတယ်.. သူကလည်း အားကိုးရပါတယ်.. တစ်လမ်းလုံး သူပဲ ကိုယ့်ကို မှီအိပ်တာလေ.. ကားပေါ်မှာ လည်း မပျင်းရအောင် ဂိမ်းကစားကြတယ်။… ဒီလိုနဲ့ ရန်ကုန်ထဲကနေ ထွက်လာလိုက်တာ ဒေးဒရဲကို (၈) နာရီကျော်တော့ရောက်တယ်.. ဒေးဒရဲမြို့က တိုက်ကျောင်းတိုက်က ဆရာတော်ကို ကန်တော့ပြီး ဆရာတော်ကျွေးတဲ့ မုန့်ဟင်းခါးကို စားကြတယ်.. ပြီးတာနဲ့ သင်္ဃန်းဆပ်ကပ်တယ်.. ရုံးကိုယ်စား ခင်ြမတ်ကပဲ ကပ်ပေးရတာပေါ့.. နောက်ရေစက်ချပြီး.. နာဂစ်တုန်းက သေဆုံးသွားသူတွေကို အမျှဝေခဲ့တယ်..
ပြီးတာနဲ့ ကိုအောင်မျိုးသူ အဖွဲ့ခွဲပေးလို့ ကိုယ်ပါတဲ့အဖွဲ့နဲ့ လိုက်သွားခဲ့တယ်.. လှေ တစ်နာရီနီးပါး နေပူထဲမှာ စီးရတယ်.. တော်သေး တာပေါ့ ထီးပါလာလို့.. ပြီးတော့ ကမ်းရောက်တော့လည်း ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရတာ.. ကြံတောထဲဖြတ်… ဝါးလုံးတံတားလေးတွေကူးနဲ့ပေါ့… ဟိုရောက်တော့ ရွာခံ အိမ်တစ်အိမ်မှာ နားတယ်… ၁၁ နာရီခွဲလောက်ရှိပြီ… ရွာကလူတွေကျွေးတဲ့ ကောက်ညှင်းပေါင်း… လက်ဖက်… အုန်းရည်.. ကြံ တွေကို စားကြတာပေါ့… ကိုယ်ပဲ မစားရတာ .. ဗိုက်အောင့်နေလို့လေ… စားရင်း နားကြတယ်…. ပြီးတော့ လှူမဲ့ပစ္စည်းတွေကို ခွဲ ဝေ ထုတ်ပိုးပြီး… ရယ်စရာတွေ ပြောကြနဲ့ တအားပျော်ဖို့ကောင်းတယ်.. ဘုန်းဘုန်းတွေ လည်းပါတယ်လေ.. ဘုန်းဘုန်းတွေကလည်း ဆိုဆုံးမနဲ့ပေါ့… ပါလာတဲ့သူကတော့ အိပ်ပျော်တာ ဟောက်တောင် ဟောက်လို့ရတယ်… နောက် သူတို့တွေလှူထားတဲ့ အိမ် (၂၂) အိမ်ကို လိုက်ကြည့်ရင်း အိမ်တိုင်းကို ဘုရားဆင်းတုတော်နဲ့ အိုးခွက် ဇွန်း ပုဂံတွေ လှူခဲ့တယ်.. ခင်မြတ် ဗိုက်အောင့်နေလို့ ဘယ်လိုမှ မလိုက်နိုင်ခဲ့ဘူး.. ပင်ပင်ပန်းပန်းသွားရတယ်ပြောတယ်.. လမ်းမပေါက်လို့ ကြံခင်း ထဲဖြတ် ပုရွက်ဆိတ်အုံမရှောင် သွားခဲ့ရတယ်တဲ့…သူတို့တွေ နောက် ချောင်းကူးပြီး အိမ်နှစ်အိမ်ကိုလည်း သွားပေးခဲ့သေးတယ်… ဒီလိုနဲ့ ပြန်ရောက်လာတာ (၂) နာရီ… နားပြီး.. တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက် .. နောက်နေတာနဲ့ (၃) နာရီထိုးတော့ အဲဒီ ကျွန်းကလေးက ထွက်ခဲ့ကြတယ်.. (၄)နာရီမှာ ဘုန်းကြီးကျောင်းပြန်ရောက်တယ်.. ဒီတော့မှ နေ့လည်စာစားရတော့တယ်… ပြီးတော့ ကော်ဖီသောက်.. မလာသေးတဲ့ တစ်ခြားအဖွဲ့တွေကို စောင့်ရင်းနဲ့ (၅) နာရီ ကျော်တော့ ဒေးဒရဲကို နှုတ်ဆက်ချိန်တန်ပြီလေ….
ပြန်တော့ ကားပေါ်မှာ ထပ်ပြီး ဂိမ်းကစားကြတာပေါ့.. ပြီးတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပေးကြတယ်.. အဲဒီမှာ နာမည် တွေကို လှောင်ကြတာပေါ့.. လူငယ်တွေများတော့ ပျော်စရာကောင်းတယ်.. လူကြီးတွေပါပေမဲ့လည်း လူငယ်တွေနဲ့ ပျော်တတ်တဲ့ လူကြီးတွေဖြစ်နေလို့ မပျင်းရပါဘူး… ဒီလို တော်တဲ့ လုပ်နိုင်တဲ့ Online Donation အဖွဲ့က ကိုအောင်မျိုးသူ (Energy) ကိုလည်း တအား အားကျတယ်… မလွယ်ပါဘူး.. သူတို့ ဘယ်လောက် စိုက်ထုတ်ထားတဲ့ ခွန်အားတွေလဲ… လာမယ့်ကဆုန်လပြည့်နေ့မှာ ရွှေတိဂုံမှာ အအေးလှူမယ်တဲ့… လာကူညီပေးပါဦးဆိုလို့ သွားကူညီမယ်… ကိုယ်တို့ နှစ်ယောက်ကို တူတူလာခဲ့ပါဆိုလို့ သွားရဦး မှာပေါ့… ရန်ကုန်ရောက်တော့ (၉) နာရီခွဲတော့မယ်.. အဲဒီကနေကားငှားပြန်တာ အိမ်ကို ၁၀ နာရီမှ ရောက်တော့တယ်.. အရမ်းပင်ပန်း တယ်.. အရမ်းလည်း ပျော်တယ်.. မညီးမညူလိုက်ပေးတဲ့ သက်ထွဋ်ဦးကိုလည်း တအားကျေးဇူးတင်တယ်… သူသာမပါရင် ခင်မြတ် ပျင်းနေမှာပဲ …. တကယ်မမေ့နိုင်တဲ့ ခရီးလေးပါ… နောက်လည်း သွားချင်ပါသေးတယ်
No comments:
Post a Comment