Friday, March 20, 2009

စိတ်

စိတ် ဆိုတာ တစ်လုံးထဲရှိလို့သာပဲ…တော်တော်ပွေးတဲ့ကောင်လို့ ပြောချင်တယ်… လူတိုင်းမှာ ဆိုက်ကိုရှိတယ်လို့ ပြောရင် သင်ငြင်းမလား….. ကိုယ်က သူများတွေရဲ့ ဆိုက်ကိုကိုလည်း စိတ်ဝင်စားပြီး ကိုယ့်ရဲ့ ဆိုက်ကို ကိုလည်း မြင်အောင်ကြည့်တယ်.. ခက်သားလား.. သိပေမဲ့လည်း မပြင်နိုင်တာ….. လူတွေရဲ့ပြုမူ ပြောဆို ဆက်ဆံပုံတွေကို တခါတလေ အလေးအနက်ထားကြည့်ပြီး… သူ့ပတ်ဝန်းကျင်ကို ထည့်တွက်ပြီး ဖြည့်တွေးကြည့်ပါလား… အပြစ်မြင်နိုင်ပါဦးမလား….

လူတွေရဲ့ ဆိုက်ကို အပြုအမူတွေဟာ သူတို့နေခဲ့ရတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်တယ်ဆိုတာ သင်ယုံမလား… ကိုယ်ကတော့ အကြွင်းမဲ့ယုံတယ်… ပတ်ဝန်းကျင်လွှမ်းမိုးမှုဟာ စိတ်ကို ပြောင်းလဲစေနိုင်တယ်…. အရင်က ကောင်းခဲ့သော်ငြားလည်း ခုဆိုးချင်ဆိုးသွားနိုင်တယ်… သူဘာတွေ တွေ့ကြုံခဲ့ရသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်… Same sex ကို စိတ်ဝင်စားတဲ့ကလေးဟာ သူ့စိတ်ထဲမှာ different sex အဖေ သို့မဟုတ် တခြား တစ်ယောက်အား ရွံမုန်းခြင်း.. မလေးစားခြင်း တွေကြောင့် ဖြစ်သွားနိုင်တယ်… ငယ်ငယ်တုန်းက သဘောကောင်း ပေမဲ့ ကြီးလာရင် ဆိုးသွားနိုင်တယ်.. ဥပမာ ကိုယ်လေ.. အရင်က တအားကို သူငယ်ချင်းတွေကိုခင်တတ်တယ်.. ကိုယ်ခင်သလို မခင်တာများတော့ ကြာတော့ ဘယ်သူနဲ့မှ မဆက်ဆံချင်လို့ ဘုဘောက် ထဟောက်ပစ်ခဲ့တယ်… ဂျီတော့မှာဆို ကိုယ့်ကို ဆွာတေးတဲ့ …

ကိုယ့်မှာ အသေးအဖွဲ ဆိုက်ကိုကတော့ အရူးသောက်တဲ့အတိုင်း ရေသောက်တာပဲ ဟာဟ.. အဲလိုပြောလို့ တမျိုးမထင်နဲ့နော်….ပုံပြင်တစ်ပုဒ်ထဲမှာ လူတစ်ယောက်က ရေအရမ်းဆာတော့ ရေချမ်းစင်တစ်ခုမှာ ရေသောက်မယ်လုပ်တာပေါ့.. ဒါပေမဲ့သူက အရမ်းအသန့်ကြိုက်တာလေ… ဒါနဲ့သူက ပါးစပ်ကို ရေခွက်ကိုင်းနားမှာ တေ့ သောက်တယ်.. အဲဒါကို အဲဒီနားမှာ ထိုင်နေတဲ့ အရူးမြင်တော့ ဟာဟ ငါသောက်သလို လိုက်သောက်တယ်တဲ့… ကိုယ်လည်း အဲလိုသောက်တယ်.. အဲဒါဆိုက်ကိုပဲ… မထင်မှတ်ဘဲ အမြဲ ဒီလိုသောက်မိ တာကို သတိထားမိလာတာ…

ပြီးတော့ ကိုယ့်မှာ အရမ်း SELF CONFIDENCE နည်းတယ်… ကိုယ့်ဘာသာလည်းသိတယ်… ဒီအလုပ်က ဖြစ်ပါ့မလား… ငါလုပ်နိုင်ပါ့မလား … ငါလုပ်လိုက်ရင်လွဲသွားမလား.. ဒါပေမဲ့ သိသိရက်နဲ့ ယုံကြည်မှုမရှိတာပါ… ဒါပေမဲ့ ကိုယ်လုပ်ချင်လာပြီဆိုရင် မဖြစ်ဖြစ်အောင် လုပ်တတ်တယ်… RISK ယူရမယ်ဆိုလည်း ရတယ်… ဘာလို့ ယုံကြည်မှုမရှိတာလဲဆိုတာကို ဆန်းစစ်လိုက်တော့ ကိုယ်ငယ်ငယ်တုန်းက မျှော်လင့်ချက်တွေ ပျက်ခဲ့ဖူးတယ်…. အဲဒါတွေက ကလေးဘ၀မှာ ဘာမှမဟုတ်ပေမဲ့ အဲဒါကို စဉ်းစားမိတိုင်း ကိုယ်ငိုချင်တုန်းပါဘဲ…..

ခုနှစ်တန်းတုန်းကပါ ကိုယ်စာအရမ်းကြိုးစားတယ်.. အားလုံးရဲ့ အေခန်းမှာပေါ့…. ကိုယ်က စာသိပ်မတော်ပါဘူး.. ၁ ကနေ ၃ အတွင်းတော့ဝင်ချင်ခဲ့တယ်.. ဒါကြောင့် စာကို အသည်းအသန်လုပ်ဖူးတယ်…. ဘယ်လောက်လုပ်လဲဆို ညဆို ၂ နှစ်ရာမှအိပ်တာ… အောက်က ခြင်ဆေးခွေက မီးပေါက်လို့ပေါက်မှန်းမသိအောင်ပါ…ဒါပေမဲ့ အတန်းတင် စာမေးပွဲမှာ အဆင့် ၄ ပဲရခဲ့တယ် … အဲဒါကြောင့် တအားစိတ်ဓာတ်ကျပြီး ငါသေလုအောင် စာကျက်တာတောင် ဒီလောက်ပဲရတယ်.. ငါဘာလုပ်လုပ်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ ဆိုက်ကို ၀င်ခဲ့တာပဲ… ဒါကို ဆရာမလည်း ဖြစ်တဲ့ အဒေါ်က အားပေးဖော်မရခဲ့ဘူး.. ကလေးတစ်ယောက်အတွက် ဒါက အနက်ရှိုင်းဆုံးနေရာကို ရောက်ခဲ့မယ်ဆိုတာကို သူတို့ မသိတာလား… သူတို့ခေတ်တုန်းကလည်း စာမရရင် ရိုက်ရမယ်ဆိုတာကို အရိုးစွဲ ခဲ့တာကိုး…

နောက်တစ်ခါကတော့ နှစ်တန်းလောက်တုန်းကပေါ့..ကိုယ်က စက်ဘီးအရမ်းလိုချင်ခဲ့တာ.. ဒါနဲ့ပဲ မေမေ့ကိုပူဆာတာပေါ့…. မေမေက ပြောတယ် ဝယ်ပေးမယ်လို့ ကိုယ့်ကို မျှော်လင့်ချက်ပေးခဲ့တယ်.. ဒီလိုနဲ့ တဖြည်းဖြည်းကြီးလာတယ်… ခြောက်တန်း ခုနှစ်တန်း… ရှစ်တန်း… သူငယ်ချင်းတွေနဲ့ စက်ဘီးစီးထွက်ရင် ကိုယ့်မှာ သူများနောက်ကပဲ လိုက်စီးရတယ်.. ကိုယ်ကိုယ်တိုင်နင်းချင်ခဲ့တာလေ (အဲဒီကတည်းက သူများနောက်လိုက်လုပ်ရမှာ သိပ်စိတ်မ၀င်စားဘူး ဆိုတာ အဲလိုဘာမဟုတ်တာလေးတွေက တစ်ဆင့် မြင်နိုင်တယ်) ဒီလိုနဲ့ မေမေ၀ယ်မပေးခဲ့ဘူး… အခုအချိန်ထိ စက်ဘီးလည်း ကောင်းကောင်းမစီးတတ်ခဲ့ဘူး…. ခုချိန်မှာဝယ်ပေးတောင်မလိုချင်သလို… စက်ဘီးစီးရင်တောင် လမ်းမပေါ်ထွက်မစီးရဲတဲ့အထိ ယုံကြည်မှုမဲ့ခဲ့တယ်…ကိုယ် ဘယ်လောက်ထိစက်ဘီး လိုချင်လဲဆိုရင် အိမ်မက်ထဲ ထိတောင် ထည့်မက်သူပါ.. (အခုအချိန်ထိ တစ်ခါတစ်လေ အလုပ်မပြီးသေးရင် အိမ်မက်ထဲအထိ အလုပ်အကြောင်း မက်တယ်) ဒါကို မေမေ မသိခဲ့ဘူး.. ခုချိန်ထိ ကိုယ်အမုန်းဆုံးက မျှော်လင့်ချက်ပေးတာပဲ.. ကိုယ့်ကို မေမေ မျှော်လင့်ချက်ပေးခဲ့တယ်.. ဒီအကြောင်းစဉ်းစားလည်း ငိုချင်တုန်းပါပဲ… အဲဒီ မျှော်လင့်ချက်မဲ့တာက ကိုယ်သိပ်ချစ် ခဲ့တဲ့ လူတစ်ယောက်နဲ့တွေ့တဲ့အခါ ထပ်ခံစားရတယ်… သူက ကိုယ့်ကို သူငယ်ချင်းထက်မပိုခဲ့ဘူး…. အဲဒီနောက်ပိုင်း ကိုယ်ဘာကိုမှ မမျှော်လင့်ရဲသလောက်ပဲ…. တစ်ခုခုကို မျှော်လင့်ချက်အတွက်နဲ့ မလုပ်ချင်တော့ဘူး…

စရိတ်

ဘာကိုမှမမျှော်လင့်ရဲတဲ့
င့ါအတွက်
နင့်ဆီက
မျှော်လင့်ချက်ဆိုတာကော
ရှိသေးရဲ့လား
ကမ်းပြိုလို့
မြစ်ကျယ်တာတော့
မဖြစ်ချင်ဘူး……
င့ါရင်းနှီးမှုစရိတ်
တကယ်ကြီးတယ်

ကဲ စာလည်းရှည်နေပြီဆိုတော့ တော်တော်ပျင်းမှာပါ ဒါပေမဲ့လည်း သိစေချင်တာကတော့ ကိုယ့်ကလေးပဲဖြစ်ဖြစ် ဘယ်သူကိုယ်ပဲဖြစ်ဖြစ် မဖြစ်နိုင်မှန်းသိရက်နဲ့ မျှော်လင့်ချက်မပေးပါနဲ့ ကလေးဆိုတာ အရမ်းကို နုနယ်သေးတဲ့ အရွယ်ပါ.. ဒီအချိန်မှာ စိတ်အနာတရအဖြစ် ကျန်ခဲ့မယ်ဆိုရင် ဘာမဟုတ်တာလေးက အဲဒီကလေး အနာဂတ်ကို ထိခိုက်သွားမှာပဲ… နုနယ်တဲ့ ကလေးအရွယ်မှာ စိတ်ဒဏ်ရာ မရအောင် ဂရုစိုက် ထိန်းသိမ်းပေးကြပါ…

No comments: