ကျွန်မတို့ ချစ်ကြတယ် ….မိဘတွေကိုချစ်တယ်…
သူငယ်ချင်း ကိုချစ်တယ်.. မိသားစုကိုချစ်တယ်… အစ်မကို ချစ်တယ်… ချစ်သူကိုချစ်တယ် ….
ကလေးတွေကိုချစ်တယ်… သဘာဝပတ်ဝန်းကျင်ကိုချစ်တယ် ….. အရောင်လေးတွေကိုချစ်တယ် စတဲ့
ချစ်စရာ အမျိုးမျိုး ရှိတဲ့ ကမ္ဘာလောကကြီးကိုလဲ ချစ်ကြပါတယ်… အဲလိုချစ်တဲ့အခါ
ကျွန်မတို့ရဲ့ ချစ်ပုံချစ်နည်းတစ်ချို့ဟာ နည်းလမ်းမကျ ဖြစ်နေလေ့ရှိတယ်…
ကိုယ်ချစ်တဲ့ အရာတွေကို ပျက်စီးအောင် ဒါမှမဟုတ် ထိခိုက်အောင် မရည်ရွယ်ပါဘဲနဲ့
ဖြစ်ပျက်သွားတာတွေ ရှိပါတယ်.. ကျွန်မတို့ ချစ်တဲ့အရာတွေအတွက်
ကျွန်မတို့နည်းနည်းလောက် ပြောင်းလဲ ကြည့်ကြရအောင်…
အများသိတဲ့အတိုင်းပါဘဲ ကျွန်မတို့
မြန်မာနိုင်ငံဟာ ရှေးရိုးအနည်းငယ်ဆန်တယ်ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။ ထိုအထဲမှာ
မိဘတွေက သားသမီးတွေကိုချစ်တဲ့အခါမှာလဲ ရှေးရိုးဆန်နေသေးတဲ့ မိဘတော်တော်များများကို
ကျွန်မတို့တွေ့ဖူးပါလိမ့်မယ်။ မြန်မာမိဘ တော်တော်များများက
သားသမီးတွေကိုချစ်လွန်းတဲ့အခါ ရင်အုပ်မကွာ စောင့်ရှောက်ပေးချင်စိတ်ရှိကြပါတယ်။ ဒါ
အင်မတန်မှ နွေးထွေးမှုရှိတဲ့ မိသားစု ဓလေ့စရိုက်ပါ။ သို့ပေမဲ့ လိုအပ်တာထက်
ပိုစောင့်ရှောက်ခံရတဲ့ သားသမီးအများစုရရှိသွားတာက တော့
သူတစ်ပါးအပေါ်မှီခိုအားကိုးတဲ့စိတ်ကလေးတစ်ခုပါဘဲ။ ထိုမိသားစုမျိုးဆီက မွေးဖွားလာတဲ့
ကလေးအများစုမှာ တွေ့ရတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရာတွင် အားနည်းခြင်း နှင့်
သူတစ်ပါးအပေါ် မှီခိုလိုစိတ်များခြင်း တို့ဖြစ်ပါတယ်။ မိမိတို့ချစ်တဲ့ မိမိတို့ရဲ့
သားသမီးရတနာလေးတွေ ကို မိမိတို့ဘာသာ မသိလိုက်ဘဲ နည်းလမ်းမှားတွေနဲ့
အံဝင်ခွင်ကျဖြစ်အောင် တွန်းပို့မိလျက်သား ဖြစ်နေတာကို လူကြီးမင်းတို့
သတိထားမိခဲ့ကြပါရဲ့လား။
ကျွန်မတို့ ချစ်ပုံချစ်နည်းလေး
ပြောင်းလဲကြလိုက်ရအောင်ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ မိဘတိုင်းဟာ ကိုယ်မရှိတဲ့နောက်
လောကထဲမှာ ကျန်ရစ်ခဲ့မည့် သားသမီးတွေကို စိတ်ချ လက်ချ ထားခဲ့ချင်မှာပါ။ ဒါဆိုရင်
ကျွန်မတို့ ဘာလို့ ကိုယ့်အားကိုယ်ကိုးနိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်
ချက်ချနိုင်မည့် သားသမီးလေးတွေ မွေးထုတ်ကြရအောင်။ ကျွန်မတို့ အောက်ပါ နည်းလမ်းလေးတွေမှာ ပြောင်းသုံးကြည့်ဖို့
လိုပါလိမ့်မယ်။
သင့်ကလေးငယ် ချော်လဲတဲ့ အခါမှာ ချက်ချင်း
ထူဖို့ မကြိုးစားပါနဲ့။ (ပြင်းထန်တဲ့ ချော်လဲမှုမျိုးကိုတော့ မဆိုလိုပါဘူး) သူ့ဘာသာ
သူ ကြိုးစား ထနိုင်ဖို့ အဝေးတစ်နေရာကနေ စောင့်ကြည့်ပေးပါ။ သူထနိုင်ဖို့လဲ
အားပေးပါ။ ခဏနေမှ သူ့ကိုထူဖို့ ကြိုးစားကြည့်ပါ။ ဒါဆို ငယ်ငယ်ကတည်းက ကလေးငယ်တွေကို
ကိုယ့်အားကိုယ်ကိုးတတ်ဖို့ လေ့ကျင့်ပေးတာနဲ့ တူပါတယ်။ ထို့အပြင်ကလေးငယ်များကို
သူ့ရဲ့ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းစေခြင်း၊ သူ၏ကျောင်းသုံးလွယ်အိတ်အား
ကိုယ်တိုင်ပေးလွယ်ခြင်း စသည်တို့မှ စ၍ ကိုယ်အားကိုယ်ကိုးတတ်ရန်
လေ့ကျင့်ပေးနိုင်သည်။
ကျွန်မတို့ ရဲ့ ကလေးရတနာလေးတွေ
ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်အောင် လဲ ပြုစုပျိုးထောင်ပေးဖို့လိုပါလိမ့်မယ်။ ဥပမာ
- အင်္ကျီဝတ်တော့မယ်ဆိုရင် သင့်တော်မဲ့ အက်ႌေတြထဲက သူႀကိဳက္တဲ့ အက်ႌကို သူ့ဘာသာ
ရွေးချယ်ဝတ်ဆင်စေခြင်း။ တကယ်လို့ သူက အရမ်းချမ်းတဲ့အချိန်မုတှာ လက်ပြတ်ဝတ်ချင်
တယ်ဆိုရင်လဲ ပေးဝတ်လိုက်ပါ။ သူချမ်းလာတဲ့အချိန်မှာ အသင့်ထုတ်ပေးမဲ့
အနွေးထည်လေးတော့ ပါလာပါစေ။ ဒါမှ သူကိုယ်တိုင် အပူ အအေးနဲ့ လိုက်ဖက်အောင်
ဘာဝတ်သင့်လဲဆိုတာကို ဆုံးဖြတ်တတ်လာပါလိမ့်မယ်။ ထို့အပြင် ဆယ်တန်းအောင်လို့
ကျောင်းရွေးချယ် တာတွေက အစ သင့်ကလေးကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့်
ရွေးချယ်ပါစေ။ ထို့အတူ ကိုယ်ဆုံးဖြတ်ခဲ့တဲ့အရာအတွက် တာဝန်သိတတ်မှုလိုတယ်ဆိုတာလဲ
ပြောပြပေးထားပါ။ ဒါလေးတွေက အသေးအဖွဲလေးတွေမဟုတ်ပါဘူး။ တစ်ချိန် ဘဝမှာတစ်ယောက်ထဲ
ရှင်သန်ရတဲ့အချိန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို
ပိုင်ပိုင်နိုင်နိုင်ချတတ်နိုင်မှာပါ။ လူတိုင်း မှားတတ်ပါတယ်။ သင့်သားသမီးလဲ မှား
တတ်ပါစေ။ အမှားထဲက သင်ယူတတ်ပါစေ။ ထို့ကြောင့် ဆိုးရွားသော
မှားယွင်းဆုံးဖြတ်ချက်ကိုသာ အကြံပေးခြင်းမှ အပ အခြားသော ကိစ္စရပ်များကို သူ့ဘာသာ
တာဝန်ယူ ဆုံးဖြတ်ရဲသူ တစ်ယောက်ဖြစ်ပါစေ။
ကလေးငယ်တွေဟာ စူးစမ်းချင်စိတ်
အမြဲရှိပါတယ်။ အဲဒီစိတ်ကလေးကို မိဘတွေရဲ့စိတ်မရှည်မှုတစ်ခုနဲ့
ရိုက်မချိုးစေချင်လိုပါ။ ကလေးငယ်များသည် မလုပ်နှင့်ဟုပြောလျှင် ပို၍
လုပ်တတ်ချင်ကြပါသည်။ ဥပမာ - မီးခြစ်မခြစ်နှင့်ပြောလျှင် ထိုကလေးသည်
လူကြီးကွယ်ရာတွင် မီးခြစ်အား ကစားမည် ဖြစ်သည်။ ထို့ကြောင့်
မီးခြစ်ခြစ်ခြင်းကြောင့်ဖြစ်လာနိုင်သည့် ဆိုးကျိုးများအား ပြောပြထားပြီးနောက်
မီးခြစ်ခြစ်ဖို့ လိုအပ်လာလျှင် မိမိ ကလေးငယ်အား မိမိရှေ့တွင် မီးခြစ်ကူညီခြစ်ခိုင်းလိုက်ပါ။
ထိုကလေးသည် မိဘ၏ ယုံကြည်မှုကိုရသည့်အပြင် သူလုပ်စေချင်သော အရာအား လုပ်ရသဖြင့် ကလေးသည်
မိဘကွယ်ရာတွင် ခိုးဝှက်လုပ်တော့မည်မဟုတ်ပါ။
ထိုသို့ စူးစမ်းချင်စိတ်ရှိသည့်ကလေးအား
လူကြီးများက ကဲသည်ဟု သတ်မှတ်ပြီး ကြောက်ရွံတတ် သော ကလေးများအား လိမ္မာသည်ဟု
ပြောတတ်ကြသော အလေ့အကျင့်များအား ပြောင်းလဲသင့်နေပါပြီ။ စူးစမ်းချင်စိတ်ရှိသည့် လူမကြောက်ရွံတတ်သည့်
ထိုကလေးသည် self confident မြင့်သော လူတစ်ယောက် ဖြစ်နိုင်လာပေသည်။ အရာရာတွင် ကြောက်ရွံ၊
ရှက်ရွံတတ်သော ကလေးငယ်အား လူမကြောက်အောင် ကျောင်းကပွဲ၊ ကျောင်းတွင်း activities
များတွင် ဝင်ရောက် စေခြင်း၊ မိဘများက အားပေး၍ အခြားသော သင်တန်းများ
(ပန်းချီသင်တန်း) စသည်တို့တွင် ထားပေးခြင်းကြောင့် လူအများနှင့်
ပေါင်းသင်းဆက်ဆံရာတွင် ကြောက်ရွံစိတ်နည်းလာပြီး ကိုယ့်ကိုကိုယ် ယုံကြည်သည့်
ကလေးငယ်များအဖြစ် ပြောင်းလဲနိုင်ပါသည်။
သင်တို့ကလေးငယ်တွေကို ချစ်တတ်ကြပါစေ။
2 comments:
အကိုဆို့လည်း ငယ်ငယ်က အိမ်ထဲမှာပဲ နေရခဲ့တဲ့အချိန်တွေများတော့ အခုဆို သူများတွေထက် ပိုပို ညံ့နေတယ်... :(
ခင်မြတ်လဲ မိဘတွေရဲ့ နည်းလမ်းမကျ တာတွေနဲ့ ကြီးပြင်းခဲ့လို့ ကိုယ့်လို ကလေးတွေ မဖြစ်စေချင်လို့ ရှဲလိုက်တာ အစ်ကိုရေ
Post a Comment