မျှော်လင့်ချက်
ဟော ....
ဟိုမှာကြည့်စမ်း
အိမ်မက်နဲ့ ရူးနေတဲ့သူ
ရာဇ၀င်မှာ ကြက်ခြေခတ်နဲ့
ချစ်သူကိုတော့
တကယ်ချစ်ခဲ့တာပါတဲ့ ....
သြော် .....
တစ်ခုတော့ရှိတယ်
အဲဒီသူက ဘ၀တစ်လျှောက်
ဆုတောင်းသံတွေကို ကြောက်ခဲ့တယ်
ပြီးတော့လည်း
ပါးလျှလျှမျှော်လင့်ချက်နဲ့
ဧဒင်ဥယျာဉ်ကို သွားမလို့တဲ့။ ။
No comments:
Post a Comment