Friday, December 17, 2010

၂၀၁၀ နှင့်ကျွန်မ

၂၀၁၀ ကျွန်မအတွက် အထူးအဆန်းဆုံးများကို ဖြစ်စေတယ်.. စွန့်စားမှုတွေ ... ဝမ်းနည်းခြင်းတွေ.. အထီးကျန်မှုတွေ အားလုံးနဲ့ တကယ့်ကို အမှတ်တရများနဲ့ ကျွန်မရဲ့ ၂၀၁၀ ဟာ မကြာခင် ကုန်ဆုံးတော့မှာပါလား... ၂၀၁၀ ကုန်လို့ ၂၀၁၁ တော့ရောက်ဦးမယ်.. ကျွန်မ ရင်ထဲက နာကျင်မှုတွေကတော့ တစ်သက်တာ အမှတ်တရဖြစ် ၂၀၁၁ ကို လိုက်ပါဦးမယ်တဲ့... မေ့လို့မရနိုင်တဲ့ အဖြစ် အပျက်တွေက ကျွန်မကို ခြိမ်းခြောက်နေဆဲပါ.. ဝမ်းသာစရာဆိုလို့ လက်ချိုးရေလောက်အောင် ရှားတဲ့ ၂၀၁၀ရေ ငါနင့်ကို ထားခဲ့ချင်တယ်.. ဝမ်းနည်းမှုတွေ ဒဏ်ရာတွေကို နင်နဲ့အတူ မြေမြှုပ်ပစ်ချင်ပါရဲ့... အခက်အခဲဆုံးနေရာတွေကို ဖြတ်သန်းရလို့ ငါ တော်တော်မောနေပါပြီ...

၂၀၁၀ သြဂုတ်လထဲက တစ်ရက်ရက်မှာ နင်နဲ့ငါ လမ်းခွဲခဲ့ရတယ်.. ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ Relation တစ်ခုကို ငါ မတည်ဆောက် ချင်တော့လို့ င့ါဘက်မှ တိတ်တိတ်လေးပဲ လမ်းခွဲခဲ့တာပါ... လမ်းခွဲတယ်ဆိုတာထက် ဒီအတိုင်းလေး ပြီးဆုံးလိုက်တာ င့ါကိုယ်ငါများ စိတ်သက်သာရာရစေမလားလို့လေ.. တကယ်တော့ အဲလိုမဟုတ်မှန်း ငါသိခဲ့ရတယ်.. င့ါတို့အတွက် အမှတ်တရတွေ များလွန်းနေရဲ့... မေခလမ်းဘက်ကိုရောက်တိုင်း ပင်ပန်းနေတဲ့ငါ့လက်ကိုတွဲလို့ နင်နဲ့အတူ လမ်းလျှောက်ခဲ့တဲ့အချိန် ငါကတော့ နင့်လက်ကိုတွဲလို့ မျက်စိမှိတ် လမ်းလျှောက်ခဲ့တာ သတိရနေဆဲပါ..

၂၀၁၀ က င့ါအတွက် ကျန်းမာရေး ညံ့တဲ့နှစ်လား.. နေမကောင်းလို့ Operation ဝင်ခဲ့ရတယ်.. ခဏ ခဏ လဲ နေမကောင်းဖြစ်ခဲ့ရတယ်.. အဲအချိန်တုန်းကတော့ နင် င့ါဘေးမှာ င့ါအတွက် နင်ဟာ အားတစ်ရပ်ပါဘဲ... ဂရုစိုက်ခဲ့တာတွေအတွက် ကျေးဇူးပါ... အခုဆို နင်မရှိတော့ င့ါအတွက် ငိုစရာ ပုခုံးလေးတောင် ဆုံးရှုံးခဲ့ရပေါ့...

၂၀၁၀ အောက်တိုဘာ... အခင်ဆုံး မောင်လေးနဲ့ အထင်လွဲစွာ လမ်းခွဲခဲ့ရတယ်. ငါတို့ခင်ခဲ့တဲ့ ငါးနှစ်ဆိုတဲ့ အချိန်အတိုင်းအတာဟာ လူနှစ်ယောက်ကြားက ယုံကြည်မှုဆိုတာကို ကောင်းစွာ မတည်ဆောက်နိုင်တဲ့အရာမှန်း ငါသိခဲ့ရတယ်.. ဒီနေ့ သူ့မွေးနေ့လေ .. အခုအချိန်ဆို ငါတို့ တူတူရှိနေကြမယ်လို့ မျှော်လင့်ခဲ့တာတွေ ပျက်သုဉ်းခဲ့တယ်.. အမှန်တရားဆိုတာ တစ်ခါတစ်လေ ဘယ်ရောက်နေတာလဲ???

၂၀၁၀ နိုဝင်ဘာ.... တစ်ယောက်ထဲ ခရီးသွားခဲ့တယ်.. သံယောဇဉ်တွေကို မလိုချင်လို့ ထွက်ပြေးကာမှ သံယောဇဉ်နောက်တစ်ခုနဲ့ တိုးမိလေရဲ့.. အဲဒါက အခုတော့ ရှက်စရာကောင်းတဲ့ အရာတစ်ခုအဖြစ် ငါ ထုတ်မကြည့်ပါရစေနဲ့တော့...

၂၀၁၀ ဒီဇင်ဘာ .. အထင်လွဲမှုတွေကို လိုက်လံဖြေရှင်းရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မျှော်လင့်ချက်တွေ ကင်းမဲ့လာသလို ခံစားခဲ့ရတယ်.. ၂၀၁၀ ရေ နင့်ဆီမှာ င့ါအတွက် အမှတ်တရတွေ သိပ်များလွန်းပါတယ် .... ငါ ၂၀၁၁ ကို မျှော်လင့်ချက်များနဲ့ အသက်ရှင်ပါရစေ.. င့ါကိုရှင်သန်ခွင့်ပေးပါ.. ဒါပေမဲ့ ၂၀၁၀ ရယ် အဲဒီဒဏ်ရာတွေကတော့ င့ါအတွက် သေရာပါပါဘဲ။

၂၀၁၁ ရေ နာကျင်နေသောရင်နဲ့ မင်းဆီကို လှမ်းခဲ့ပါရစေ.. စူးဝင်နေတဲ့ ဆူးတွေဆီက လွတ်မြောက်ဖို့ မင်းကူညီပါ.