မတွေ့ရတာ ကြာပြီဖြစ်တဲ့ STI .. DLM course မှ သူငယ်ချင်းများနဲ့ ဒီနေ့ တိုက်ဂါးဘီယာကို လေ့လာရေးသွားရမှာ ဖြစ်လို့ ပျော်နေမိတယ်.. မသွားခင်ကတည်းက ဂျီတော့မှာလဲ ဘယ်သူတွေသွားမှာလဲ…. ဘယ်မှာဆုံကြမလဲ.. ရင်တွေခုန်နေတာပေါ့.. STI ကို ၁၂ နာရီကျော်ကျော်လောက် ရောက်သွားတယ်.. မေသက်က ရောက်နှင့်နေပြီ.. မတွေ့တာကြာပြီဖြစ်တဲ့ သူနဲ့စကားတွေပြောရင်း တစ်ခြားလူတွေကို စောင့်လိုက်ကြတယ်.. ကိုဇာကြီးကလဲ ဖုန်းတစ်ကွမ်ကွမ်ဆက်လို့… မသီတာတို့က မလိုက်ဖြစ်ဘူး.. ဒါနဲ့ အင်္ကျီတွေ ဝယ်… လဲကြနဲ့ တစ်ခြားအတန်းက လူတွေနဲ့လဲ မိတ်ဆက်ကြတယ်… သူငယ်ချင်းအသစ်တွေ ထပ်တိုးပါတယ်…. မသွားခင် ဆရာဦးဌေးအောင်က စကားပြောဦးမယ်ဆိုတာနဲ့ အခန်းထဲ ဝင်ထိုင်ကြတယ်.. ခင်မြတ်တို့ကို ဟိုရောက်ရင် ဘာမေးခွန်းတွေမေးသင့် တယ်ဆိုတာကို ဆရာက ပြောပြတယ်.. ဘယ်လိုထုတ်ပိုးလဲ.. ဘူးတွေပိန်ရင် ဓာတ်ပြုပြီး အဆိပ်ဖြစ်တတ်တယ် အဲဒါကိုကော ဘယ်လို ဖြေရှင်းထားလဲ …. စားသုံးသူတွေလက်ထဲရောက်သည်အထိ မေးသင့်တဲ့ မေးခွန်းတွေကို ဆရာက နမူနာ ရှင်းပြတယ်.. ဒါနဲ့ အားလုံးစထွက်ကြတယ်..ခင်မြတ် က မေသက် (အာပိကျိ) ကားနဲ့ လိုက်ခဲ့တယ်… ကိုဇာကြီးကိုဝင်ခေါ်ရတယ်. ခင်မြတ် တို့အတန်းက မရီရီခိုင်၊ မတီတို့ လိုက်ခဲ့တယ်.. မချောလေးယောက် ကိုတစ်ယောက်ပေါ့ ဒါနဲ့ ပျဉ်းမပင်နားက တိုက်ဂါးဘီယာထုတ်တဲ့ Myanmar Brewery သို့ ချီတက်ခဲ့ကြတယ်.. ခရေပင် လမ်းခွဲနားက ကောင်း လက်ဖက်ရည်ဆိုင်နားမှာ ပထမစုရပ်အဖြစ်သတ်မှတ်လိုက်ကြတယ် အဲဒီနားရောက်တော့ ၂ နာရီကျော်ပီ.. တစ်ခြားကားတွေကို စောင့်လိုက်တယ်.. ကားတွေစုံမှ သေချာကြည့်မိတာ (၇) စီးလောက်ရှိမယ်
ဒီလိုနဲ့ထွက်လာတာ ဟိုရောက်တော့ သုံးနာရီထိုးပါပြီ… ကိုယ်မသိတာတွေ လေ့လာရတော့မှာမို့ ပျော်နေပါတယ်.. ဝင်းထဲဝင်တော့ အနံ့တစ်ခုနဲ့အတူ ခံစားမိလိုက်တာကတော့ အရမ်းကို စနစ်ကျတဲ့ စက်ရုံပါဘဲ.. သန့်ရှင်းသပ်ရပ်ပါ. အနံ့ကတော့ ကန်စွန်းဥနံ့လိုလို ကိတ်မုန့်နံ့လိုလို ပထမတော့ ကောင်းသလိုလိုနဲ့ နောက်ပိုင်း အီလာတယ်.. အဲဒါနဲ့ ဘာနံ့လဲမေးကြည့်တော့ ကစော်ဖောက်တဲ့အနံ့ပါတဲ့… ဒါနဲ့ လူအရောက် (၃၈) ယောက်ရှိတဲ့ အဖွဲ့ကြီးဟာ ခန်းမထဲဝင်ခဲ့ပါတယ်.. ရောက်ရောက်ခြင်းမှာ အားလုံးက ဝမ်းပန်းတသာ ကြိုဆိုပါတယ်.. ကုမ္ပဏီက ပြတဲ့ ဘီယာကိုဘယ်လိုထုတ်လဲဆိုတဲ့ presentation ကို ကြည့်ကြတယ်.. ဘီယာကိုရဖို့ မုယောစပါးပင်ပေါက်၊ ဗျစ်ပွင့်၊ ရေ နဲ့ ကစော် တို့ပါဝင်ရတယ်.. အဲဒီမှာ ခါးတာကတော့ ဗျစ်ပွင့်ကြောင့်လို့ဆိုပါတယ်.. ဒီစက်ရုံကထုတ်တဲ့ ဘီယာတိုင်းဟာ supplier ကနေ customer လက်ထဲရောက်ဖို့ အဆင့် (၂၅၀) ကျော်ကိုဖြတ်ရတယ်လို့ ဆိုပါတယ်.
ပြီးတော့ Technical Director ဖြစ်တဲ့ Ronald Chng နဲ့ မိတ်ဆက်ပေးတယ်.. သူက စင်္ကာပူလူမျိုး အင်္ဂလိပ်လိုပြောတာ သိပ်တော့မကောင်းဘူး.. သူစကားပြောပြီးတဲ့နောက် အဖွဲ့ သုံးဖွဲ့ ခွဲလိုက်ပါတယ်… ချီတာကတော့ နောက်ဆုံး အဖွဲ့နဲ့ပဲလိုက်လိုက်တယ်.. နောက်ဆုံးအဖွဲ့ကို လိုက်ရှင်းပြသူကတော့ Secretary of MD ဖြစ်တဲ့ မမေခင်ဇော်ပဲ ဖြစ်ပါတယ်.. တအားလဲ တော်မဲ့သူပါဘဲ…. သေသေချာချာရှင်းပြရှာတယ်.. စက်ရုံထဲရောက်တော့ နည်းနည်းနားအူတယ်လေ .. ဒါကြောင့် လူက သူပြောတာကို သေချာနားမထောင်ဖြစ်ဘူး.. အာပိကျိနဲ့ တူတူ ဓာတ်ပုံတွေလိုက်ရိုက်နေတယ်..း) ကိုဇာကြီးက အောက်ဆင်းပြီပြောမှပဲ လာတော့တယ်.. ခန်းမရောက်တော့ အရှေ့က အဖွဲ့က သောက်တောင် သောက်နေပြီ… မုန့်တွေနဲ့ ဘီယာတွေတိုက်နေပါပြီ.. လုပ်ထားတဲ့ ဘားလေးကလဲ တော်တော်လှပါတယ်.. ချီတာကလဲ သောက်တတ်တော့ အာပိကျိနဲ့ တစ်ယောက်တစ်ခွက်သွားယူတယ်.. ပြီးတော့ ဘီယာပြိုင်ပွဲလုပ်ကြတယ်.. ယောက်ျားလေး ငါးယောက်အရင်ပြိုင်တယ်.. မိန်းကလေး ငါးယောက်အလှည့် ဘယ်သူမှ မထွက် ကြဘူး.. အဲဒီမှာ ပြဿနာစတာပဲ.. ချီတာနဲ့ အာပိကျိကို ဆရာက အတင်းခေါ်တော့တာပဲ.. ဒါနဲ့ မငြင်းနိုင်တဲ့အဆုံး စင်ပေါ်ရောက်သွား ပါကော.. အသောက်ပြိုင်ပွဲမှာ အာပိကျိက ပထမ.. ခင်မြတ်က ဒုတိယရတယ်.. အဲလောက်ချစ်တဲ့ သူငယ်ချင်းတွေ.. ပြီးတော့ သီချင်းတွေ ဆိုကြတယ်.. စင်္ကာပူလူမျိုး Mr. Ronald Chng က မြန်မာလို ပီပီသသဆိုနိုင်ပါတယ်.. တစ်ခြားအဖွဲ့ကလူတွေနဲ့လဲ ရင်းနှီးခဲ့တယ်.. ကဒ်တွေလဲ လဲပေါ့.. ဒီလိုနဲ့ (၆) နာရီကျော်မှာ အဲဒီက ထွက်ခွာခဲ့ပါတယ်.. တောတော်ကို ပျူငှာတဲ့ လူတွေပဲလို့ သတ်မှတ်မိတယ်..
ည (၈) နာရီလောက်မှာ ရန်ကုန်က ကျောင်းကို ပြန်ရောက်တယ်.. တစ်ခြားအဖွဲ့တွေက ဆက်သွားကြမယ်တဲ့ မဖြစ်တော့ဘူး အခုတောင် နောက်ကျနေတာဆိုတော့ ဒါနဲ့ ဆရာ့ကိုနှုတ်ဆက်ပြီး အာပိကျိအိမ်ကိုလိုက်ပို့လိုက်တယ်.. အာပိကျိ ကိုနှုတ်ဆက်ပြီး အိမ်ကို ပြန်ရင်း လမ်းမှာ သူငယ်ချင်းတွေနဲ့ ဗရုတ်ကျတာ ပြန်တွေးရင်း ပျော်နေခဲ့တယ်.. နောက်တစ်ခါ ထပ်သွားချင်ပါသေးတယ်