ဒီစာအုပ်အကြောင်းလေးမပြောခင်… ဒီစာအုပ်ရေးသူအကြောင်းနည်းနည်းပြောမယ်နော်.. ဆရာကျော်ဝင်းဆိုတာ အရင်တုန်းကသေချာမသိခဲ့ဘူး… အသက်အရမ်းကြီးမယ်ထင်ခဲ့တာ.. ကျွန်မဘယ်လောက်စာအုပ်ဖတ်သလဲ ကြည့်တော့… မြန်မာနိုင်ငံမှာ Globalization နဲ့ပတ်သက်ပြီးဘာသာပြန်သူအဖြစ် တော်တော်များများ သိနေကြတာ… ကျွန်မမပါဘူး ဖြစ်နေတယ်…… ဆရာက Globalization အကြောင်းကို သေသေချာချာစေ့စေ့စပ် စပ်စပ်သိသူတစ်ယောက်လို့တော့ ကျွန်မပြောချင်တယ်.. ဆရာဘယ်လောက်စာအုပ်ဖတ်သလဲ.. ဆရာ့မျက်မှန် ထူတာကြည့်ရုံနဲ့ကိုသိနိုင်တယ်.. အင်း… Egress မှာ ပထမဆုံးနေ့ ဆရာစာသင်မယ်ဆိုတော့.. ဘာတွေများ ပြောမလဲပေါ့နော်…တအားကိုစိတ်ဝင်စားနေတာ..သူရေးတဲ့စာအုပ်မှာ Globalization အကြောင်းတော့မဖတ်ဖူးပေ မဲ့.. တစ်ခြားစာအုပ်တွေတော့ ဖတ်ဖူးတယ်လေ… သားရွှေဥ ဆိုတာကိုအရမ်းကြိုက်တယ်… 7 habits အကြောင်း ရေးထားတာ… ဆရာက ဆွေးနွေးတဲ့သဘောမျိုးသင်တာပေါ့နော်… Power Point မသုံးဘူး… ဒီအတိုင်း ရှင်းပြတယ်.. အဲဒီမှာ ဆရာဘယ်လောက်များ တော်လဲဆိုရင်.. ခုနှစ်တွေအားလုံးနီးပါ.. အလွတ်ရလို့… ကျွန်မဆို မမှတ်နိုင်ဘူး.. ဘာလင်တံတိုင်းပြိုတာဘယ်နှစ်ပါလိမ့်… ခုတောင်မေ့တေ့တေ့… ဆရာက Globalization ကို ပထမလှိုင်း, ဒုတိယလှိုင်း, တတိယလှိုင်း ဆိုပြီးသေချာကိုပြောပြတယ်.. ဆရာပြောပြတာ တော်တော့်ကိုစိတ်ဝင်စား ဖို့ ကောင်းတယ်.. ဆရာရဲ့ ကမ္ဘာပြားပြီ, ဆင်းရဲခြင်းလွတ်ကင်းအောင် စတဲ့စာအုပ်တွေကို ဖတ်ကြည့်စေချင်တယ်.. ဆရာကိုယ်တိုင်ထုတ်တဲ့…. မဂ္ဂဇင်းကိုလည်း ဖတ်ကြည့်စေချင်တယ်.. တစ်ခြားမှာမရနိုင်တဲ့ ဗဟုသုတတွေကို ရနိုင်မှာပါ..
နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ အုပ်ချုပ်ရေး အဖွဲ့အစည်းအသစ်များ ဖန်တီးတည်ဆောက်ရခြင်း…နှင့် ရှိပြီး အဖွဲ့အစည်းများကို တောင့်တင်းခိုင်မာစေခြင်းဆိုတဲ့ စာအုပ်မှာပါတဲ့စာတန်းလေးကိုဖတ်လိုက်ရတာနဲ့တင်.. ခင်မြတ်ကိုဖမ်းစားနိုင်ခဲ့ပြီ… ဒီစာအုပ်မျိုးက ဖတ်ချင်သော်လည်း.. ၀ယ်လို့မရလို့..သူငယ်ချင်းဆီကနေယူဖတ် လိုက်ရတယ်လေ… နိုင်ငံတော်၏ အခန်းကဏ္ဍကို ဘယ်လိုပုံစံနဲ့တည်ဆောက်ကြမလဲ? စာရေးသူကတော့ အချို့မျက်နှာစာများကို ပယ်ဖျက်ပြီး အချို့မျက်နှာစာများကို ကောင်းအောင်ပြုလုပ်ရမည်လို့ပြောတယ်..အရင်က ဆို ကိုယ့်နိုင်ငံကိုသာချစ်တာ.. ဘာတွေမှားနေလဲ..ဘယ်လိုလုပ်သင့်လဲဆိုတာ.. တစ်ခါမှတော့ မတွေးမိဘူး… ဒီလိုစာအုပ်မျိုးတွေဖတ်မှ သိသင့်သိထိုက်တာတွေ… သိလာရတယ်.. ဘယ်လိုပုံစံမျိုးက အကောင်းဆုံးဖြစ်မလဲ? နိုင်ငံတော်လုပ်ဆောင်မှုနယ်ပယ်များအား နည်းနိုင်သမျှ နည်းအောင်လုပ်ပြီး နိုင်ငံတော် အဖွဲ့အစည်းများ၏ သန်စွမ်းမှုကို များနိုင်သမျှများအောင်လုပ်ခြင်းက အကောင်းဆုံးဟု ပြောပြထားတယ်… နိုင်ငံတော်အဖွဲ့အစည်း အားကောင်းလွန်းပြီး နိုင်ငံတော်လုပ်ဆောင်မှုနယ်ပယ်ကျယ်ပြန့်လွန်းသည့် နိုင်ငံများသည်.. Globalization ခေတ်၏ မြန်နှုန်းကို အမီမလိုက်နိုင်ဟုဆိုထားတယ်… ကျွန်မတို့နိုင်ငံများဖြစ်နေမလားပဲ… ဒါဆို.. ခိုင်မာသည့် အဖွဲ့အစည်းများရှိဖို့က အရေးမကြီးပေဘူးလား… သဘောထားမတူညီသော ပညာရှင်အမျိုးမျိုး၏ ယူဆချက်အမျိုးမျိုးကိုလည်း တွေ့ရမယ်..
ကျွန်မတို့နိုင်ငံက ဈေးကွက်စီးပွားရေးစနစ် စစ်စစ်ကို ကျင့်သုံးနေရဲ့လား? မေးစရာရှိလာပြီလေ.. ဈေးကွက် စီးပွားရေးစနစ်အကောင်အထည်ဖော်ရန် ပုဂ္ဂလိကပြုလုပ်ရေး ဆိုသောအချက်သည်လည်း အဓိကအနေဖြင့်ပါဝင်ပေ သည်။ သို့ရာတွင် ကျွန်မတို့မှာ တောင့်တင်းခိုင်မာသော အဖွဲ့အစည်းရှိရဲ့လား…နောက်တစ်ခုအရေးအကြီးဆုံး …..… ဒီမိုကရေစီစနစ် ….. ဒါတော့မပြောတော့ဘူးနော်….ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံတော်ကဏ္ဍများလိုအပ် သည်ထက် များပြားလွန်းနေသည်မှာ အမှန်ပင်.. စွန့်ဦးတီထွင်လိုစိတ်ကို အားမပေးသော ပြဿနာများလည်း ကျွန်မတို့နိုင်ငံတွင်ရှိနေဆဲ…. ဒီစာအုပ်ဖတ်ရင်း ခေါင်းထဲတွင် မကျေမချမ်းဖြစ်စရာနည်းနည်းရှိလာတယ်.အဲဒါ ကတော့ အမေရိကားက အီရတ်၊ အီရန် တို့လိုအားနည်းသောနိုင်ငံများအားဖြေရှင်းရာတွင် စစ်ဆိုတဲ့နည်းလမ်းကို သုံးတာ သိပ်ဘ၀င်မကျလှဘူး..နိုင်ငံရေးအကြောင်းတော့ ကျွန်မဘာမှနားသိပ်မလည်ပေမဲ့… စစ်ဆိုတာကိုတော့ ကျွန်မမကြိုက်ဘူး….
နောက်တစ်ချက် ဒီစာအုပ်ဖတ်ပြီး တွေးတောတတ်လာတယ်.. ဆရာကျော်ဝင်းကိုကျေးဇူးတင်ပါတယ် …… စွမ်းဆောင်ရည်ပြည့်ဝတဲ့ နိုင်ငံတော်အဖွဲ့အစည်းကို ဘယ်လိုတည်ဆောက်ကြမလဲ…. အားနည်းသော နိုင်ငံများ၏ နိုင်ငံတည်ဆောက်ရေးကို ကိုယ့်ဘာသာပဲ တိုးတက်အောင်လုပ်မလား… နိုင်ငံအားလုံး စုပေါင်းဖြေရှင်း ကြမလား.. ဒါတော့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ဆိုင်သွားတာပေါ့… ဒီလို Global Age မှာ တစ်ယောက်တည်းဖြေရှင်းဖိုကတော့ မဖြစ်နိုင်… ဘာကြောင့်လဲ… ကမ္ဘာလုံးချီဆိုင်လာပြီလေ.. စဉ်းစားရတော့ မယ်.. မဖြေရှင်းတတ်ရင်… ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနိုင်တယ်….ကျွန်မတို့နိုင်ငံ တနည်းအားဖြင့် အားနည်းသောနိုင်ငံတော်ပေါ့… အဓိကပြဿနာက စွမ်းဆောင်ရည်ပြည့်ဝတဲ့ အဖွဲ့အစည်းမရှိ ခြင်း (သို့) ချို့တဲ့ခြင်းပဲဖြစ်တယ်..ဒီအားနည်းချက်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေသောကြောင့် ဖြစ်တယ်..ကမ္ဘာလုံးချီစီးပွားရေးသို့ လှည့်ပြောင်းနေချိန်တွင် အမျိုးသားနိုင်ငံများ၏ သီးခြားရပ်တည်နိုင်မှု နည်းသွားခဲ့ပြီး.. နိုင်ငံတကာ အဖွဲ့အစည်းများက အဓိကနေရာယူနေခဲ့ပြီလေ.. အကောင်းဆုံးကတော့ နိုင်ငံတော် အခန်းကဏ္ဍကိုလျော့ချခြင်းထက် ရှိပြီးသားနိုင်ငံတော်အဖွဲ့အစည်းများကိုပဲ တောင့်တင်းခိုင်မာအောင် တည်ဆောက်သင့်သည်
ဒီတော့ ဒီစာအုပ်ဖတ်လိုက်လို့သင်ဘာရလိုက်လဲတော့ မသိဘူး…. ကျွန်မမှာတော့ မေးခွန်းများစွာနှင့်…မိမိတို့ နိုင်ငံကို ဘယ်လိုပုံစံဖြင့် တောင့်တင်းခိုင်မာအောင်လုပ်မလဲ? ဘယ်လိုနည်းလမ်းဖြင့် တည်ဆောက်ကြမလဲ? သင်ကောဘယ်လိုတွေးမိသလဲ…………….???????